Tuesday, 14 May 2013

တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ

သေချာစဉ်းစားကြည့်လေ လူမျိုးတစ်မျိုးအတွက် ဇာတိမာန်ဟာ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်လွင်လေပဲဗျ။လူတစ်ဦးချင်းစီအတွက်တော့ ဇာတိပုညဂုဏ်မာန ဆိုပါတော့ဗျာ။
          ဒါကြောင့်ဖြစ်မယ်ဗျ ။အမေရိကန်ပြည်ထောင်စုကြီးက  အမေရိကန်နိုင်ငံသားတစ်ယောကကို
ထိပါးရင် သူ့တိုင်းပြည်ကို ရန်စတာလို့ ယူဆသကိုး။အံမယ် အခုဆို တရုတ်တွေတောင် အမေရိကန်လေသံ
လိုက်လာတာ ခင်ဗျား သတိပြုမိမှာပါ။ထိုနည်းအတူ ကျုပ်တို့အစိုးရမင်းတွေလည်း မညံ့ကြပေဘူး။အမျိုးဂုဏ်
ဇာတိဂုဏ်မြင့်မားရေး ၊ဘာညာ ဘာညာဆိုပြီး ပုံနှိပ်စာအုပ်တိုင်းရဲ့ရှေ့ဆုံးစာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖော်ပြ
ပေးနေတာပါပဲ ။အမှန်တော့အစိုးရမင်းများရဲ့ စေတနာဟာ ပရမတ်ဆိုက်အောင်စဉ်းစားနိုင်လေပေါ်လွင်လေလို့ဆို
ရမယ်ဗျ ။
          ကြည့်လေ ဖယောင်းတိုင်ထွန်းပြီးနေခိုင်းတာတို့ ၊ထမင်းတနပ်လျှေ့စားခိုင်းတာတို့ဟာ ရှုတတ်၊ မြင်တတ်၊ခံစားကျင့်ကြံတတ်ရင် ဂုဏ်တတ်စရာပဲဗျ။အနောက်နိုင်ငံတွေမှာ ဖယောင်းတိုင်ထွန်းပြီး ညစာစားဖို့ဆိုတာ တကူးတကစီစဉ်တာမဟုတ်လား။ ဟောကျုပ်တို့ဆီမှာ အဆင်သင့်ဗျာ။ခင်ဗျား ရှစ်ပါးသီ
လ၊ကိုးပါးသီလလေးစောင့်ထိန်းလိုက်ရင်  ညစာကိုစ္စဟာလည်း ဘာဝနာတစ်မျိုးပေပဲလေ။အိမ်တိုင်း ဖယောင်း
တိုင်ကိုယ်စီနဲ့ ညစာစားနိုင်တဲ့လူမျိုး ၊ သီလကို တိုင်းခြားသား ဘာသာခြားတွေထက်ထူးထူးကဲကဲ စောင့်ထိန်းနိုင်
တဲ့လူမျိုး ဖြစ်လာရင် ခင်ဗျားတို့ ၊ကျုပ်တို့ အမျိုးဂုဏ် ဇာတိဂုဏ်မတက်ပေဘူးလား…….။

Tuesday, 7 May 2013

Myanmar 3 Unicode Keyboard Layout

Myanmar 3 Unicode Keyboard Layout
Myanmar 3 Unicode System ကို ကျွန်တော်စမ်းသုံးကြည့်ခဲ့ပါတယ်။ ခက်မယ်လို့ ထင်နေရတဲ့ Myanmar 3 ကို သေချာ
သုံးကြည့်လိုက်တော့ လွယ်နေတာကို တွေ့ရပါတယ်။ သူ၏ လက်ကွက်ပုံစံက Zawgyi font, Win Font, CE Font တို့နဲ့
စာလုံးထားရှိပုံ အနည်းငယ်သာ ကွာခြားသည့်အတွက် Zawgyi, Win လက်ကွက် ရသူပဲဖြစ်ဖြစ်၊ CE , Metrix လက်ကက်ွရသူပဲ
ဖြစ်ြဖစ် အဆငေ် ပြပြေသုံးနငိုလမိ့်မယ်လို့ ယုံကြည့်မပိါတယ်။ စာလုံးရိုကနှ်ိပရ်ာတွငလ် ည်း ပံမု နှ် ရိုကန် ပှိခြင်းနဲ့ Shift key တ၍ွဲ
ရိုက်နှိပ်ခြင်း ဆိုပြီး နှစ်မျိုးသာ ရှိပါသည်။ ထူးခြားချက်အနေဖြင့် ပါဠ်ဆင့်စာလုံးများ ရိုက်လိုပါက Shift+f key ခံ၍
အသုံးပြုရပါသည်။
ဥပမာ - န္တ = န ( e ) + (Shift+f) + တ ( w )
Myanmar 3 Unicode က စသုံးခါစ အမြင်အရ ရှုပ်ထွေးတယ် ထင်ရပေမဲ့။ သေချာ သဘောတရားကို နားလည်အောင် ကြည့်ပြီး
အသုံးပြုကြည့်သည့်အခါမှာတော့ အလွန်လွယ်ကူတာကို တွေ့ရပါတယ်။
အခုလည်း Myanmar 3 Unicode Keyboard ပုံစံကို စာဖတ်သူတို့ လေ့လာနိုင်ဖို့အတွက် ကျွန်တော်စိတ်ကူးနဲ့ ကျွန်တော်
Myanmar 3 Unicode Keyboard Layout ပုံစံဆွဲထားတာလေးကို တင်ပေးလိုက်ပါတယ်။ အသုံးဝင်လို့ ဝင်ညားပေါ့။
စာဖတ်သူတို့လဲ အသုံးလိုတယ်ဆိုက ကြိုက်သလိုသာ ယူပါလေ...
စာဖတ်သူအနေဖြင့် Myanmar 3 Unicode ကို Download လုပ်လိုပါက ( http://www.myanmarnlp.net.mm ) ဆိုသည့်

Ubuntu အကြောင်းသိကောင်းစရာ

"oo-BOON-too" လို့ အသံထွက်တယ်။ အာဖရိကန်စကားလုံး။ အာဖရိကန် ကျင့်ဝတ်နီတိဆိုင်ရာလူမှုဆက်ဆံရေး အယူဝါဒဆိုင်ရာ ဝေါဟာရဖြစ်တယ်။ သူတို့ ရိုးရာ အတွေးအခေါ် အယူအဆတွေကနေ မြစ်ဖျားခံလာတာ။တောင်အာဖရိက နိုင်ငံသစ်ရဲ့ အုတ်မြစ်စည်းမျဉ်းတွေနဲ့ဆိုင်တဲ့ နီတိသဘောတရားတွေမှာပါဝင်ပြီးတော့ လူဝင်စားယုံကြည်မှုနဲ့ လည်းဆက်စပ်ပါတယ်တဲ့။ အဓိပ္ပာယ်က “လူသတ္တ၀ါအချင်းချင်း ညှာတာကြင်နာမှု”လို့ပြောလို့ရတယ်။ Ubuntu Project တစ်ခုလုံးကို Sponsor လုပ်နေတာက တောင်အာဖရိက ဘီလျံနာသူဌေးကြီး Mark Shuttleworth ပါတဲ့။

"Humanity towards others"
"The Belief in a universal bond of sharing that connects all humanity"
"We are people because of other people"
"I am who I am because of who we all are,"

Ubuntu - Linux for Human Beings! (အပေါ်ကစာတွေက ကိုခွန်မောင် ဘလော့ကနေ)


ဒါကတော့ Ubuntu ရဲ့ Effect တွေပေါ့ ။ တော်တော်လေးကို လန်းတယ်နော်...





 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing