မေတ္တာပို့ လေးကို နာယူနိုင်ရန် ဓမ္မ လက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ်
ဒီမှာ နာယူနိုင်ပါတယ်
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိုင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။
ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့်လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိုင်ကြတော့ဘူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိုင်တော့ဘူးပေါ့
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။
ဒီမှာ နာယူနိုင်ပါတယ်
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိုင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။
ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့်လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိုင်ကြတော့ဘူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိုင်တော့ဘူးပေါ့
ဒို့တွေမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက် အဆုံးအမတွေ ရှိနေပါလျှက်နဲ့ လွတ်မြောက်ရာ လမ်းစဉ်ကို ရှာမတွေ့နိုင်တာဟာ
သစ္စာဆိုတဲ့ ဓမ္မအမှန်တရားကို မေ့ထားကြလို့ပါဘဲ ။ ဒါကြောင့် ဒီနေ့လို
နေ့ထူးနေ့မြတ်လေးမှာ တတ်နိုင်သလောက် အချိန်လေးကိုသီလ ၊ သမာဓိ ၊ ပညာ
သိက္ခာသုံးရပ်နဲ့ပြည့်စုံအောင် နေထိုင်နိုင်ရန် ဓမ္မလက်ဆောင် များ
ပေးလှူလိုက်ပါတယ်ခင်ဗျာ ။
” ငါသည် မုချ သေရမည် ၊ အချိန်ပိုင်းသာ လိုတော့သည် ”
” အူမတောင့်အောင် သီလစောင့်ကြရအောင် “
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ *တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

)
ဒီေ
လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်