Wednesday, 30 January 2013

မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြုပါ






မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နားကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက် ကိုပိုမို ပျက်ဆီးစေ သည်ဟု သိရသည်။ 
 များသောအားဖြင့် လူတိုင်းဟာ ညာဘက်သန်သူများ ဖြစ်သည့် အတွက် ညာဘက်ကို ပိုမိုအသုံးပြုတတ်ပါတယ် ။ ထိုအလေ့ကျင့်လေးကို ဆင်ခြင် နိုင်ကြပါစေ..... ယင်းအချက်ကို Apollo Medical Team မှ နောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်း Sim Card ကျပ် ၅၀၀၀ နှင့် သုံးရတော့မည်ဟုဆို

မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင်
ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။
simcard
မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား

3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။

ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။

Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။

လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။

Wednesday, 2 January 2013

ဈေးနှုန်းလျှော့ချလိုက်သည့် မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်းကို မြို့ကြီး ၅ မြို့၌ရောင်းချမည်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ဈေးနှုန်းအသစ်ဖြင့် ထွက်ရှိလာမည့် မိုဘိုင်းဖုန်းလိုင်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်ကပြောသည်။

လက်ရှိကာလ၌ မိုဘိုင်းဖုန်းလိုင်းများကို ဈေးနှုန်း ၁ သိန်းကျပ်ဖြင့် ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ထွက်ရှိလာမည်ဟု နီးစပ်ရာအသိုင်းအ၀ိုင်းများမှ သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း အဆိုပါသတင်းသည် တိကျမှန်ကန်မှုမရှိသေးကြောင်း၊ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဇန်န၀ါရီလအတွင်း အမြန်ဆုံး ချထားပေးနိုင်ရန် စက်ပစ္စည်းများကို တပ်ဆင်နေပြီး ဈေးနှုန်းအသစ်ကိုမူ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးကြောင်း ဒုတိယအင်ဂျင်နီယာချုပ်ကဆိုသည်။ ၂၀၁၃ - ၂၀၁၄ ခုနှစ် စီမံကိန်း၏ ပထမအဆင့်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G မိုဘိုင်းဖုန်းလိုင်း ၁.၄ သန်းကို လက်ရှိသတ်မှတ်ဈေးထက် လျှော့ချ၍ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ “စတင်ရောင်းတဲ့အခါ မြို့ကြီး ၅ မြို့ကိုပဲ ရောင်းချသွားမှာပါ။ ကျန်တဲ့မြို့တွေအတွက်က လုံလောက်မှုရှိနေတဲ့ အနေအထားဖြစ်နေတယ်” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၂ ခုနှစ်အတွင်း မိုဘိုင်း ဖုန်းလိုင်း ၄ သန်းကို ချထားပေးနိုင်မည်ဟု ခန့်မှန်ထားရှိခဲ့သော်လည်း ၀ယ်လိုအားအနေဖြင့် ၂.၅ သန်းကျော်ကိုသာ ရရှိခဲ့ကြောင်း၊ အဆိုပါကဲ့သို့ ၀ယ်လိုအားပြည့်မီသည်အထိ ရောင်းချနိုင်ခဲ့ခြင်း မရှိခဲ့သည်မှာ မိုဘိုင်းဖုန်းလိုင်း၏ သတ်မှတ်ဈေးနှုန်းကြောင့်သာဖြစ်ကြောင်း မိုဘိုင်းဟန်းဆက် ရောင်းချသည့် စီးပွားရေးသမားများက သုံးသပ်ကြသည်။ “လူတွေကတော့ ၈ သောင်းနဲ့ ရောင်းမယ်လို့ ပြောနေကြတယ်။ ဖြစ်သင့်တာကတော့ ၃ သောင်းကနေ ၅ သောင်းကြား ဖြစ်သင့်တယ်လို့ ထင်တာပဲ။ ဒါဆိုရင် လူတိုင်းကိုင်နိုင်ကြမယ်။ အခုရောင်းချနေတဲ့ ဈေးနှုန်းက အခြေခံလစာတွေနဲ့တွက်ရင် အရမ်းများနေတယ်။ လူ အများစုအတွက်ဆိုရင် ဖုန်းလိုင်းဈေးနှုန်းက အခြေခံလစာနှုန်းထားထက် အများကြီးနည်းနေဖို့လိုတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မရည်မွန်က မိုဘိုင်းဖုန်းလိုင်း ဈေးနှုန်းနှင့်ပတ်သက်၍ သူမ၏အမြင်ကို ပြောသည်။

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing