Monday, 17 December 2012
ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ
သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့်
သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်
သည့် တပ်မတော် သားများ အား သေဒဏ်
ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ
ဆိုချင်တော့သည်။
အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများ
သည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ
 မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာ
 မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများ သာ ဖြစ်နေသည်။
သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်
တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်
အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ်
ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ်
စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။
နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်း
များကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင်
 ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး
 မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေ
သည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။
တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်း
ခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။
ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ်
မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံနေရသည့် တပ်မတော်သား
များ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၎
ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။
စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက်
အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်းအား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို
 ဆွကြလေသည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။
လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက်
မှ ကျန်မည် မဟုတ်သလို စခန်းကုန်းများတွင်လည်း ကေအိုင်အေ
 ခေါင်းထောင်နိုင်မည် မဟုတ်။
 တပ်မတော်သားများ အသက်ပေး နေရခြင်းသည် တိုက်ရင်းဖြင့်
အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက်
အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက်
နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ
 မြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင်စုကြီး
လည်း ဖြစ်လာမည် မဟုတ်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။
သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော်သားတွေရဲ့ အသက်တွေကို
 ဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ
အရင် စဉ်းစားသင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။
 Myanmar Online News
Saturday, 15 December 2012
Google Chrome ကိုသုံးပြီး Google Play က Free APK ဖိုင်တွေ ကို PC ထဲကနေ ဒေါင်းမယ်
Chrome ကို သုံးပြီး apk ဖိုင်တွေ တန်းဒေါင်းဖို့အတွက် လိုအပ်တာတွေကတော့ ...
Chrome 17 or later
Device ID
1. Google Chrome ကို ကွန်ပြူတာထဲကို အရင် Install လုပ်ရပါမယ်။
2. ပြီးရင် Device ID ကို သင့်ရဲ့ Android Device ထဲကို Install လုပ်ရပါမယ်။
3. ပြီရင် SSL error warning ကို ပိတ်ဖို့အတွက် Google Chrome ကို ပိတ်ထားပါ။ Desktop ပေါ်က Chrome short ပေါ်မှာ Right click ထောက် properties ထဲက shortcut ဆိုတဲ့ tab ထဲမှာ target ဆိုတာကို တွေ့ပါမယ်။ အဲ့မှာ chrome.exe နောက်မှာ [space]--ignore-certificate-errors ဆိုပြီးထည့်ပါ။
ပြီးရင် Chrome ကို ပြင်ထားတဲ့ shortcut နဲ့ပြန်ဝင်ပါ။ Warning Box ကျမလာရင် SSL error warning ကို Disable လုပ်တာ အောင်မြင်သွားပါပြီ ...
Device ID ကိုလိုချင်ရင်
Dial pad ထဲမှ *#*#8255#*#* ရိုက်ပါ
Options Page ထဲမှာ Email နဲ့ Device ID တွေထည့်ပါ။
Login ဝင်ပြီးသွားပီဆိုရင်တော့ www.play.google.com ထဲမှာ စိတ်ကြိုက်ဝင်ပီး ဒေါင်းလို့ရပါပြီ ...
Free Myanmar Android Market  မှကူးယူကိုးကားပါသည်
Thursday, 13 December 2012
GSM ဖုန်းများတွင် ငွေလွှဲပြောင်း ပေးပို့နိုင်မည်
CDMA ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းငွေလွှဲပြောင်းပေးပို့ခြင်း စနစ်မှာ ဖုန်းတစ်လုံးမှ အခြားဖုန်း တစ်လုံးသို့ ကြိုတင်ငွေပေး ကတ်ငွေအား ဖြည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းပေးပို့ရာတွင် မိမိဖုန်းအတွင်းမှ ငွေအား လွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကတ် အသစ်မှ ငွေအား မိမိ၏ဖုန်းမှ အခြားဖုန်းတစ်လုံးသို့ လွှဲပြောင်းပို့ပေးခြင်း စနစ် ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်အား ယခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြုရာတွင် CDMA 800 ဖုန်းဖြင့် 166 ကိုခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက်များအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ကာ ငွေလွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော်လည်း ယခု GSM ဖုန်းများအတွက် ငွေလွှဲပြောင်းပေးပို့ရာတွင် Operator မှတစ်ဆင့် လုပ်ဆောင်ချက်များအတိုင်း သွားရန် မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။ GSM နှင့် WCDMA ဖုန်းများ ငွေလွှဲပြောင်း ပေးပို့ရာတွင် ပထမဆုံးအနေဖြင့် *123* ကို နှိပ်ရမည်ဖြစ်ပြီး ယင်း၏ နောက်တွင် မိမိဖြည့်သွင်းမည့် ငွေဖြည့်ကတ်၏ နံပါတ်များအား ရိုက်ထည့်ရမည်ဖြစ်သည်။ ငွေဖြည့်ကတ် နံပါတ်များအား ဖြည့်သွင်းပြီးပါက * ကို ထပ်မံနှိပ်ပြီး ယင်း၏နောက်တွင် မိမိငွေလွှဲပြောင်း ပေးပို့လိုသော ဖုန်းနံပါတ်ကို ဖြည့်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။ ထိုနောက် #Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်း ထည့်သွင်းပေးလိုသော ဖုန်းသို့ လွှဲပြောင်းငွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းရာတွင် နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်က မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်နံပါတ်များ မှားယွင်းနေကြောင်း Message ပြန်လာမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Oxi Day ၏ သတ္တိရှင်ဆု
Clinton Global Initiative ၂၀၁၁ ခုနှစ် ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဗီဒီယိုကနေ တက်ရောက်ခဲ့ပါတယ်။ (2011-10-28)
Tuesday, 11 December 2012
VZO အကောင့်လုပ်နည်းနဲAccount အသစ် မှတ်ပုံတင်ခြင်း
ဒီဟာလေးကတော့ Vzo ကနေ မြန်မာလိုချက်တင်ပို့ တာမြင်လို့ လိုက်ရှာကြည့်တာနဲ့ 
အကောင့်မဖွင့်တတ်သူများ မြန်မာစာနဲ့  ရှင်းလင်းစွာသုံးချင်ရင် လေ့လာကြည့်ပါ...။
စတင်အသုံးပြုလေ့လာခါစလူများနှင့် မသုံးဖူးသေးသူများ သိနိုင်စေခြင်းငှာ ..........။
  ဒီမှာ နှိပ်ကြည့်ပါ
 အကောင့်ဖွင့်နည်း...
1 - Email လိပ်စာ တစ်ခုမှာ VZO အကောင့်တခုပဲဖွင့်နိုင်ပါတယ်
2- အကောင့်ဖွင့်ပီးရင် Mail ထဲဝင်လာတဲ့ Verify link ကို နှိပ်ပေးပါ
3-အကောင့်နာမည် ID နဲ့ ပတ်စ၀ပ်သေချာမှတ်ပါ ( ID နဲ့ ပြန်ဝင်ရတာ)
4- ID ,Email,Password ဖြည့်ပီး ရင် အောက်မှာ Avaliable , Ok ဖြစ်ပါစေ
မေမေ့ အတွက်မွေးနေ့ဆုတောင်း
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ဖြစ်ပါစေ အမေ။
အမေ ကျန်းမာပျော်ရွှင် စိတ်ချမ်းသာစွာနဲ့ နောင်နှစ်ပေါင်များစွာတိုင် ဘဝကို ဆက်လက် လျှောက်လှမ်း နိုင်ပါစေ။
                                                                                                                              ခေတ္တအဝေးရောက်.......သားကြီး၊သားငယ်
Sunday, 9 December 2012
ဓာတုဗေဒပညာရှင် ဒေါက်တာခင်ညိုမှ လက်ပံတောင်းတောင် သပိတ်စခန်းများကို ဖြိုခွင်းခဲ့သော ဗုံးအမျိုးအစားပြောကြား
လက်ပံတောင်းတောင် သပိတ်
စခန်းများ မဖယ်ပေး၍ နှိမ်နင်းလက်ပံတောင်းတောင် သပိတ်
စခန်းများ မဖယ်ပေး၍ နှိမ်နင်း
ခဲ့သည့် ဗုံးတစ်မျိုးအတွက်
 ကြောင့် အသက်မသေသော်
 လည်း လူ၊ သံဃာတော်များ
 သွေးထွက်သံယို ဖြစ်ခဲ့ကြရပြီး ၎င်းကဲ့သို့ အသုံးပြုခဲ့သည့် ဗုံး အမျိုးအစားနှင့်ပတ်သက်၍ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုမှ သပိတ်စခန်းများ ဖြိုခွဲရာတွင် အသုံးပြုသည့် ဗုံး အမျိုးအစားမှာ CN ဗုံးနှင့် နပန်း လုံးဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်းဆီ၌ ပြုလုပ် ခဲ့သော လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွဲမှု လုပ်ရပ် စာ နယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားခဲ့ကြောင်း သိရသည်။
ဓာတုဗေဒပညာရှင် ဒေါက် တာခင်မောင်ညိုက ပြောကြားရာ တွင် “မျက်ရည်ယိုဗုံးဆိုတာ  Cs Gas အမျိုးအစား ဖြစ်တယ်။
CS ဗုံးဟာ သုံးလိုက်လို့ရှိရင် အငွေ့ ထွက်မယ်၊ ခန္ဓာကိုယ်တွေယား မယ်၊ မျက်စိတွေ ရဲတက်လာမယ်၊ ဒါတွေကို ရေနဲ့ကယ်၊ CS ဗုံးကို တစ်ကမ္ဘာလုံးသုံးတယ်။ CN ဗုံး ကျတော့ ဆန်ဇင်းတို့၊ ကာဗွန် တက်ထရာရိုရိုက်တို့ ထည့်ထား တယ်။ အဲဒါတွေက ပူစပ်ပူ လောင်တွေ ဖြစ်တယ်။ တခြား ဟာတွေ ပြင်းအားများရင် လောင်ကျွမ်းမှုတွေ ဖြစ်နိုင်တယ်။
ဒါပေမယ့် မီးလောင်တာ မရှိဘူး။ ကလိုရိုဖောင်းပါရင် မေ့လဲတာ တွေ ဖြစ်တယ်။ ဒီဗုံးကို ပထမ ကမ္ဘာစစ်မှာ သုံးတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အဓိက ရုဏ်းနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲ မို့ဆိုရင် CS ဗုံးကိုပဲ အသုံးများ တယ်။
CN ဗုံးထဲကို တခြားဆန် ဇင်းတို့၊ ဒီကိုနိုက်တာတို့၊ ကလိုရို ဖောင်းတို့၊ ကာဗွန်ကက်ထရာ ကရိုရိုက်တို့အပြင် တခြားပစ်္စည်း ဆိုဒီယမ် ဒါမှမဟုတ် မဂ္ဂနီဆီယမ် ထည့်လို့ ဖြစ်နိုင်တယ်။
သူက အက်စစ်နဲ့ ဖျန်းသလို အငွေ့တွေ လည်း ထွက်တယ်” ဟု ပြောကြားသွားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်၍ သက်ဆိုင်တာဝန်ရှိသူများက တွေ့ ဆုံမေးမြန်းခြင်း အစီအစဉ်ကို နိုင်ငံပိုင် ရုပ်သံ မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သော်လည်း ပြည်သူများက ၎င်းအစီအစဉ် တွင် ဖြေကြားခဲ့သော သက်ဆိုင် ရာတာဝန်ရှိသူများ၏ ဖြေကြား ချက်သည် တကယ်ဖြစ်ရပ်နှင့် ကွဲပြားလျက် ဖြစ်နေကြောင်း ပြောကြားလျက်ရှိသည်။
ံHot News Weekly
အယ်ဂျာဇီးယားရုပ်သံမှလိမ်လည်လုပ်ကြံဖန်တီးထား ခြင်းဘူးပေါ်သလိုပေါ်
အယ်ဂျာဇီးယား ရုပ်သံမှ ယနေ့မြန်မာ
စံတော်ချိန် ၁၂.၃၀ မှ စတင်၍ ပြသဆဲ
 ဖြစ်သော HiddenGenocide အမည်ရှိ
 documentary အမည်ခံ တင်ပြချက်
တစ်ခုမှာ- အတု လုပ်ကြံ ဖန်တီးထားခြင်း ဖြစ်ကြောင်း သူတို့၏ တင်ပြပုံ အမှား တစ်ခုမှ စတင် ဖော်ထုတ် တွေ့ရှိရသည်။
၁၂.၄၅ ခန့်တွင် စစ်တွေမြို့မှ ရိုဟင်ဂျာ ဆိုသူတစ်ဦး၏ ပြောဆိုချက် ဆိုသည်ကို ထုတ်လွှင့်ရာတွင် အဆိုပါ ရိုဟင်ဂျာဆိုသူမှာ စစ်တွေမှလဲ မဟုတ်- ရခိုင်ပြည်နယ် အတွင်းမှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဘင်္ဂလီတစ်ဦးသာ ဖြစ်ကြောင်း ဘူးပေါ်သလို ပေါ်သွားခဲ့ရသည်။
အဆိုပါ ရိုဟင်ဂျာ ဆိုသူက စစ်တွေတွင် နစက မှ နှိမ်နင်းကြောင်း ပြောဆိုချက်ကို ကြည့်ခြင်းဖြင့် ၄င်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ နစက တစ်ခုတည်း ကိုသာကြားဖူးသော ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီဖြစ်ကြောင်း သိသာပါသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဆိုသူများ သုံးစွဲသည့် မေလေထရီ.. military ဆိုသော အသုံးအနှုန်းမှာလည်း ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများက စစ်တပ်ကို ခေါ်ဝေါ်သော အသုံးအသုံးအနှုန်းသာ ဖြစ်ပြီး ရခိုင်ပြည်တွင် နေထိုင်သော ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီလူမျိုးများ သုံးစွဲကြသည့် ဝေါဟာရ မဟုတ်ပေ။
ရခိုင်ပြည်မှ ဘင်္ဂလီများတွင် သူတို့တွင် မရှိသည့် ဝေါဟာရများကို မြို့တော်ခန်းမ၊ မ၀တ၊ ပညာရေးမှူး၊ စစ်တပ် စသည်ဖြင့်သာ သုံးစွဲကြပြီး. မေလေထရီ.. military ဟု သုံးစွဲခြင်း မရှိပါ။
ထို့ကြောင့် အယ်ဂျာဇီးယား အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများကို ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဟူ၍ လိမ်လည် အသုံးပြုထားကြောင်း၊ ဇာတ်လမ်း အစအဆုံး လုပ်ကြံဖန်တီးထားကြောင်း တင်ပြပါသည်။
ရုပ်သံဇာတ်လမ်းအတုမှာ ဆက်လက် ထုတ်လွှင့်ဆဲ ဖြစ်ပြီး ဇာတ်လမ်း အစအဆုံး လိမ်လည်ထားသည်ကို တွေ့ရှိနေရ ပါသည်။
Rakkhapureans News
Saturday, 8 December 2012
ANDROID USER များအတွက် လျှိုဝှက်ကုဒ်များ
ANDROID USER များအတွက် လျှိုဝှက်ကုဒ်များ (များများကလိမှ များမျာသိပြီး မြန်မြန်ပျက်မည် )
Android ဖုန်းအတွက် လျှို့ ဝှက်ကုဒ်များ
Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါတယ်။
1. Testလုပ်ရန် ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics
အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။
http://aungthummu.blogspot.com မူရင်းလင့်
 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing