Thursday, 17 October 2013

အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် နည်းနည်းရွှီး မယ်နော် ဟီးးးးးးးးးးးး  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 

                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ) :)

Download........http://www8.zippyshare.com/v/64937927/file.html

အင်တာနက်မှာငွေရှာနည်း

မင်္ဂလာပါခင်မျာ..ကျနော် အရင်တစ်လောကဘဲ Nerdbux ကနေတစ်ကယ်ငွေထုတ်လို့ရခဲ့တဲ့အတွက် ပုံနှင့်
တကွ အားလုံးကိုတင်ပြခဲ့ပြီပါပြီ ဒီကနေ့ မနက် 1 နာရီ (5.9.2013 ) အချိန်မှာတော့ The-Bux လို့ခေါ်တဲ့
ငွေရှာတဲ့ဆိုဒ်တစ်ခုကနေ ငွေ 4 $ထုတ်ကြည့်ရာ အဆင်ပြေပြီးတကယ်ထုတ်လို့ရခဲ့ပါတယ်ခင်မျာ..ဒါကြောင့်
အသစ်ဖြစ်တဲ့အတွက် မိတ်ဆက်ပေးလိုက်ပါပြီ..တစ်နေ့ကို 20 မိနစ်လောက်ဘဲအချိန်ပေးရတာပါ... ကျနော်စမ်းလုပ်နေတာ နှစ်ပတ်ဘဲရှိပါသေးတယ်.. ဒီလိုငွေရှာနည်းကိုသုံးမယ်ဆိုရင် မိမိရဲ့ကွန်ပျူတာတစ်လုံးတည်းမှာဘဲ..မိမိရဲ့အကောင့်တစ်ခုတည်းသာဖွင့်သုံးပါ...အခြားသောအကောင့်တွေ
..ဒါမှမဟုတ် အကောင့် နောက်ထပ်တစ်ခုထပ်ဖွင့်ပြီးသုံးခြင်းရှောင်ပါ Suspended လုပ်ခြင်းခံရတတ်ပါတယ်..
ဒီအင်တာနက်လိုင်းနဲ့သုံးတယ်ဆိုရင် ဒီအင်တာနက်လိုင်းနဲ့ဘဲ အသုံးပြုပါ...အထူးသဖြင့် ဒီလိုနည်းတွေက
ကိုယ်ပိုင်အင်တာနက်ရှိသူတွေအတွက် အရမ်းကိုအဆင်ပြေလွယ်ကူပါတယ်..ဖုန်းနဲ့လည်း လုပ်လို့၇ပါတယ်...ဒါကြောင့် အင်တာနက်မှာ တစ်နေ့ကို မိနစ် 20 လောက်ပဲအချိန်ပေးလိုက်ပါ..တကယ်
ကိုရလို့ ဖြန့်ဝေပေးနေရခြင်းဖြစ်ပါတယ်.. တစ်ခုမေးစရာရှီလာပါတယ်..ငွေဘယ်လိုထုတ်မလဲဆိုတာပေါ့..
ဟုတ်ကဲ့... PayPal ကနေငွေထုတ်ပါ့မယ်..ဘယ်လိုထုတ်မလဲဆိုတော့ www.shwemoney.com မှာအသေး
စိတ်စုံစမ်းနိုင်ပါတယ်..ကျနော်တို့လည်း အဲဒီကိုဆက်သွယ်ပြီးငွေထုတ်ကြတာမလို့ပါ..အိုကေ.. အခု
ကျနော်ငွေတစ်ကယ်ထုတ်လို့ရခဲ့တဲ့ဆိုဒ်ကတော့ The Bux ဆိုတဲ့ဆိုဒ်ဘဲဖြစ်ပါတယ်ခင်မျာ.... ယုံယုံကြည်
ကြည်နဲ့ တစ်လနီးပါးလောက်စိတ်ရှည်ရှည်ထားပြီးလုပ်ပါ..ကျွန်တော်တို့ကလည်း ဒါတွေကိုစိတ်ဝင်စားတဲ့
အတွက်အမြဲစမ်းသပ်တယ်..စမ်းသပ်လို့အိုကီတယ်ဆိုရင် အများပြည်သူထံချပြလိုက်တာပါ..ပြီးတော့ ဒီလိုနည်းလမ်းတွေရှိနေတယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ရင်းနှီးစေချင်တဲ့သဘောပါ..ကဲစလိုက်ကြရအောင်

အိုကေ အရင်ဆုံး Register လုပ်ဖို့အတွက် ဒီကို နှိပ်လိုက်ပါ။

 
Register ကို နှိပ်ပြီးပါက အောက်က ပုံအတိုင်း ပုံစံ ဖြည့်ပေးလိုက်ပါ ။ 
Full Name မှာ သင်အသုံးပြုမည့်နာမည်ပေါ့။ ဥပမာ maungmaung ပေါ့။ Username မှာလဲ Full Name မှာ သုံးတဲ့ နာမည်ကို ပြန်ထည့်ပါ စာလုံးများကို ဆက်ရေးပါ။ Password နဲ့ Confirm Password ကို ကြိုက်ရာ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားပေါ့နော့ ။E-mail Address နဲ့ Confirm E-mail Address မှာ သင်အသုံးပြုမည့် Gmail ကို ထည့်နိုင်ပါတယ်။ Referrer မှာတော့ ဘာမှ ထည့်စရာ မလိုပါဘူး သူဖာသာသူ ဖြည့်ထားပြီးသားပါ။
Pyament Account နေရာမှာ နှစ်ခု ထဲက တစ်ခုရွေးချယ်ပြီး ထည့်နိုင်ပါတယ် ဒါက ပိုက်ဆံ ထုတ်ဖို့ အကောက် ဖြစ်ပါတယ် Payza အကောက်တို့ PayPal အကောက်တို့ မရှိပါက လက်ရှိ Register လုပ်ထားတဲ့ Email ကို ယာယီ ထည့်ထားနိုင်ပါတယ် နောက်မှ ပြန်ပြောင်းလို့ ရပါတယ် ။  အားလုံးပြီးစီးသွားပါက The-Bux ကနေပြီးတော့ သင့် Email ထဲသို့ Mail တစ်စောင် ပို့ထားပါမယ် ဖွင့်ကြည့်ပြီးတော့ သူပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း သင့်ရဲ့ Username နဲ့ ID No တို့ကို တွေရပါမယ်။  Send ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် သင်ဟာ Mamber တစ်ယောက် ဖြစ်သွားပါပြီ ။ 
Send ကို နှိပ်ပြီးပါက သင့်ရဲ့ အကောက်က active ဖြစ်သွားပါပြီ ။ ကဲ Login ဝင်ပြီးတော့ လုပ်ငန်း စလိုက်ကြပါစို့ ။ Login ဝင်ပြီးသွားပြီ ဆိုရင်တော့ အောက်က ပုံအတိုင်း မိတ်ဆွေရဲ့ Account Pag ထဲကို ရောက်သွားပါပြီ ။ဒါကတော့ ကျွန်တော် အကောက်ပါ ။
အကောက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ကြော်ငြာ များ ကလစ်ရန် View Ads ကို နှိပ်ပါ။  
ပုံမှာ ပြထားတဲ့ အတိုင်း ကြော်ငြာ များ ရှိတဲ့နေရာကို ရောက် သွားပါပြီ ။ ကြော်ငြာ ကြည့်ရန် အတွက် အပေါ်က ခေါင်းစဉ်ကို  နှိပ်ပါ ။ နှိပ်ပြီးပါက အောက်က ပုံအတိုင်း နောက်စာမျက်နှာ တစ်ခုကို ကူးသွားပါ့မယ်  
ရောက်ရှိသွားတဲ့ စာမျက်နှာ ကိုဘဲ ကြည့်ပါ ။ တခြား စာမျက်နှာ ကူလိုက်ပါက ကြော်ငြာ ကြည့်တာ အလုပ်မလုပ်ဘဲ ပိုက်ဆံ မရ ဖြစ်တက်ပါတယ် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း အစိမ်းတန်းလေး အချိန်ပြည့်အောင် စောင့်လိုက်ပါ ။ အချိန်ပြည့်ပါက အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ပုံသေးလေး ငါးပုံ ပေါ်လာပါမယ် ။ ဇောက်ထိုး ဖြစ်နေတဲ့ ပုံ လေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း အမှတ်ခြစ်လေးနဲ့ Thanks for watching! ပေါ်လာရင် အဲ့ဒီ စာမျက်နှာကို ပြန်ဖျက်လို့ ရပါပြီ။ 
အဲ့ဒီအတိုင်းဘဲ ရှိသမျှ ကြော်ငြာတွေကို ကုန်အောင် ကလစ်လိုက်ပါ။ ကြော်ငြာ အသစ်တွေကိုတော့ နောက်နေ့မှ ပြန်ချပေးပါ့မယ်။ The Bux မှာ ကြော်ငြာ ကလစ်ခြင်း အပြင် တခြား နည်းလမ်းဖြင့်လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ်။ ကြော်ငြာ ကလစ်တာကို အချိန်တစ်ခု သက်မှတ်ပြီး ကလစ်မယ် ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကြော်ငြာ ကလစ်ပြီးပြီ ဆိုရင် အပေါ်ဘက်က Account ဆိုတာလေးကို နှိပ်လိုက်ပါ။ 
ပုံမှာ ပြထားတဲ့ အတိုင်း မိတ်ဆွေ တို့ရဲ့ အကောက် ထဲကို ရောက်ရှိသွားပါမယ် ။ ဒါကတော့ ကျွန်တော့် အကောက်ပေါ့။ Account Page ထဲ ရောက်တဲ့အခါ Account Balance မှာ ဒီနေ့ ကလစ်လို့ ရတဲ့ ကြော်ငြာခ တွေကို တွေ့ရပါလိမ့်မယ် ။ အခုမှ စလုပ်တဲ့ သူတွေကတော့ $0.060 လောက်ဘဲ ရဦးမှာပါ။ နောက်တနည်း Video ကြည့်ပြီး ပိုက်ဆံ ထပ်ရှာပါ့မယ်  ပုံမှာ ပြထားတဲ့ အတိုင်း WHTCH VIDEOS ဆိုတာလေးကို ကလစ်လိုက်ပါ။ 
လောလောဆယ်တော့ Video တစ်ခု ရှိနေပါတယ် ။ တစ်ခါတလေ နှစ်ခု ရှိပါတယ်။ တခါတလေလဲ တစ်ခုမှ မရှိပါဘူး ။ အချိန်လဲ ဘယ်လောက်မှ မကြာပါဘူး  ဗီဒီယို ကို ပြီးအောင် ကြည့်တာက ကောင်းပါတယ်။ ပြီးသွားရင်တော့ အကောက်ထဲကို ပိုက်ဆံ ရောက်ရှိသွားပါပြီ။ 
နောက်ထပ် ပိုက်ဆံရှာတဲ့ နည်းကတော့ ကံစမ်းမဲ နှိုက်သလိုပါဘဲ အချိန်ရတဲ့ လူတွေ လုပ်ပါလို့ အကြံ ပေးချင်ပါတယ် ဘာလို့လဲ ဆိုတော့ ကံစမ်းမဲ ပေါက်လွယ်လို့ပါ ။ ကျွန်တော်တောင် တော်တော် ပေါက်ပြီး သွားပြီ။ :D 
ကံစမ်းမဲ နှိုက်ရန် ပုံမှာ ပြထားတဲ့ အတိုင်း Account page ၏ဘယ်ဘက်တွင်ရှိသော Earn Money menu tab The Grid ကိုနှိပ်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း အကွက်တွေ အများကြီးနဲ့ ပုံဆီ ရောက်သွားပါ့မယ်။ ကြိုက်ရာ အကွက်ကို ရွေးနှိပ်လိုက်ပါ ။ ကံကောင်းချင်ရင်တော့ 2 $ ခွဲအထိ ပေါက်နိုင်ပါတယ်။ တစ်နေ့ကို ကံစမ်းမဲ အကြိမ် နှစ်ဆယ် နှိုက်ခွင့် ရှိပါတယ်။ 
ဒီစာတန်းက မဲပေါက်တာပါ။ :D 1000 နော် ပေါက်တာ ... 
ဒီလို ဒီလို မဲပေါက်တာပါ ။ 
 မဲနှိုက်ရတာ အရမ်း တန်ပါတယ် ။ အချိန်ရရင် မဲနှိုက်ကြပါ။ မနှိုက်မနေရလို့တော့ မသတ်မှတ်ထားပါဘူး ခင်ဗျာ။ 
The Bux မှာနောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ points မှ cash သို့ ပြောင်းခြင်းပါပဲ။ ပုံမှာ ပြထားတဲ့အတိုင်း နှိပ်ကြည့်လိုက်ပါ။ 
ကလစ်အချက်ရေ  ၁၀၀၀ ကို ၁ဒေါ်လာနှင့် လဲနိုင်ပါတယ်။  
နောက်ထပ် ငွေရနိုင်တဲ့ အခွင့်အရေးကတော့ ရှယ်ယာ (Referral) ဝယ်ဖို့ဘဲ ဖြစ်ပါတယ်။ ဒါကတော့ PTC သမားတိုင်း လုပ်ကို လုပ်ရမဲ့ အလုပ်ပါ ။ ကိုယ့်ကို အဓိက ပိုက်ဆံ ရှာပေးမှာကတော့ referral ပါဘဲ ။ Referral ဘယ်လို ဝယ်ရမလဲ ဆိုတော့ အရင်ဦးဆုံး မိတ်ဆွေတို့မှာ $0.1500 ရှိဖို့ လိုအပ်ပါတယ် ။ $0.1500 ဆိုတာ ကျွန်တော်တို့ ကြော်ငြာ သုံးရက် ကလစ်စာပေါ့ ။ ကံကောင်းတဲ့လူဆိုရင်တော့ နှစ်ရက်တည်းနဲ့ ရနိုင်ပါတယ်။ ရှယ်ယာ(Referral) ဝယ်ဖို့အတွက် အရင်ဦးဆုံး လုပ်ရမှာက ရသမျှ ဝင်ငွေကို Purchase balance ထဲသို့ ပြောင်းပြောင်းပြီး ထည့်ပေးထားရပါမယ်။ Purchase balance မှာ $0.1500 ရမှ ရှယ်ယာ ဝယ်လို့ ရပါမယ်။ Purchase balance ထဲကို ငွေ ပြောင်းဖို့ အတွက် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Add funds ဆိုတာကို နှိပ်လိုက်ပါ။
Add funds ကို နှိပ်လိုက်ပါက အောက်က ပုံအတိုင်း ပေါ်လာပါမယ်။  Account Balance ကို ရွေးချယ်လိုက်ပါ။ 
Account Balance ကို ရွေးပြီးပါက amount မှာ ကိုယ်ပြောင်းမဲ့  ငွေပမာဏကို ရိုက်ထည့်ပါ။ ဥပမာ $0.054 ပေါ့။ 
အနည်းဆုံး ပြောင်းလို့ ရကတော့ $0.01 ပါ။ မိတ်ဆွေတို့မှာ ရှိနေတဲ့ ငွေ ပမာဏကို ရိုက်ထည့်ပြီး Send ကို နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် account balance ထဲမှာ လက်ကျန်ငွေ မရှိတော့ပေမဲ့ Purchase balance မှာ ငွေရောက်သွားပါပြီ။ အဲ့ဒီနည်းအတိုင်းဘဲ နေ့တိုင်းနေ့တိုင်း ရသမျှ ငွေတွေကို Purchase balance ထဲသို့ လွဲထည့်ထားပါ။ သုံးရက်လောက် လုပ်ပြီးပါက မိတ်ဆွေတို့ဆီမှာ $0.1500 အထက် ရှိနေပါပြီ ။ ဒါဆိုရင် ရှယ်ယာ ဝယ်နိုင်ပါပြီ။ Referral (ရှယ်ယာ) ဝယ်ရန်အတွက် အောက်က ပုံမှာပြထားတဲ့အတိုင်း Account page တွင်ရှိသော Rent Refs ဆိုတာလေးကို နှိပ်လိုက်ပါ။ 
အောက်က ပုံအတိုင်း ပေါ်လာပါမယ်။ 
Referrals တစ်ခုရဲ့ ဈေးနှုန်းက $0.1500 ဖြစ်ပါတယ်။ အများနှင့်ဝယ်တဲ့အခါလည်း တစ်ခုချင်း ဈေးနှုန်းနှင့် အတူတူပါပဲ ။ အဲ့ဒီတော့ တဖြည်းဖြည်းနဲ့ဘဲ ရသလောက် ဝယ်သွားပါ့မယ်။ ငွေပမာဏလည်း လုံလောက်တဲ့အတွက် Referrals ဝယ်ရန် Rent Now! ကို နှိပ်လိုက်ပါ။
 Referrals ဝယ်ပြီးတဲ့အခါ Account ကိုပြန်သွားလိုက်ပါ။ Rented Referrals နေရာတွင် ဝယ်ထားတဲ့ Referrals အရေအတွက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ Referrals(ရှယ်ယာ)တွေ ဟာ အလုပ်မလုပ်သေးပါဘူး ။ သူတို့ကို Auto အလုပ်လုပ်အောင် ပြောင်းရပါမယ်။
ဝယ်ထားတဲ့ Referrals(ရှယ်ယာ) တွေကို Auto အလုပ်လုပ်ခိုင်းရန်အတွက် ဘယ်ဘက်တွင် ရှိသော Referrals ဆိုသော Menu tab မှ Rented  Referrals ကို နှိပ်လိုက်ပါမယ် ။ (PTC site များတွင် Referrals(ရှယ်ယာ) တစ်ခါ ဝယ်ပြီးတိုင်း နောက်ထပ်ဝယ်ဖို့ ၇ ရက်စောင့်ရပါတယ်။ ) 
AutoPay မှာ Disable ဖြစ်နေပါတယ်။ အဲ့ဒါကိုပြောင်းဖို့ click here to change it ကို နှိပ်လိုက်ပါ။ 
ကျွန်တော့်ပုံမှာ ပြထားတာကတော့ ကျွန်တော် Enable ပြောင်းထားပြီးသားမို့ပါ။
AutoPay မှာ Enable ဖြစ်သွားတဲ့အတွက် Referrals(ရှယ်ယာ)တွေ အလုပ်လုပ်ရန် အသင့်ဖြစ်သွားပါပြီ။  လက်ကျန်ရက်၊ ကလစ် ပေးထားတဲ့ အရေအတွက် ၊ ဝင်ငွေ ၊ စတဲ့အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။
မိတ်ဆွေတို့ကိုယ်တိုင်လဲ နေ့တိုင်းကလစ်ရင်း Referrals(ရှယ်ယာ) တွေ အလုပ်လုပ်လား မလုပ်လားဆိုတာ စောင့်ကြည့်ပေးရပါမယ် ။ရှယ်ယာတွေ အလုပ်လုပ်ပုံကို ၃ရက်ကျော် လောက် စောင့်ကြည့်ရပါတယ်။ အလုပ်မလုပ်ပါက Recycle လုပ်လိုက်ပါ ဒါဆို ပုံမှန် အလုပ် ပြန်လုပ်လာပါလိမ့်မယ်။ မိတ်ဆွေတို့ အလုပ်မလုပ်တဲ့အခါ သူတို့လည်း မလုပ်တော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင်ကလဲ အမြဲ အလုပ်လုပ် ပေးရပါတယ်။

ပိုက်ဆံတွေ များလာတဲ့ အခါ မထုတ်သေးပါဘူး ။  Referrals အရေအတွက် 2000 မှ 7000 အထိရတဲ့ Ultimate member အဆင့်ထိရောက်အောင် တဖြည်းဖြည်းပဲ ပိုက်ဆံ စုပြီး  ဝယ်သွားပါ့မယ်။  ငွေထုတ်တဲ့အခါ Paypal account မှ ထုတ်ယူနိုင်ပါတယ်။ (PayPal account လျှောက်နည်းကို ဒီမှာ လေ့လာလိုက်ပါ)
 သတိထားရမှာက Referral တစ်ခုရဲ့ AVG ကို အနည်းဆုံး 2.00 ကျော် လောက်ရှိနေရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် နေ့စဉ်ကြော်ငြာတွေ ကုန်အောင်ကလစ်မယ်ဆိုရင် Referrals တွေကလည်း ပုံမှန် ဖြစ်နိုင်ပါတယ်။ Avg=2.00  အောက်ကျနေတဲ့ Referrals ဆိုရင် တပတ်လောက်စောင့်ကြည့်လို့ Avg မတက်လာဘူးဆိုရင် လေးထောင့်ကွက်ကို အမှတ်ခြစ်ပေးပြီး ပေါ်လာတဲ့ အကွက် မှာ Recycle   ရွေးပေးလိုက်ပါ ။ Avg ပြန်တက်လာပါလိမ့်မယ်။
ကဲဒီလောက်ဆို ပြောပြထားတာ တော်တော် လုံလောက်နေပါပြီ ။ Account upgrade လုပ်တာတို့ Direct Referrals / Downline ရှာတာတို့ ကိုယ်ပိုင် ကြော်ငြာ ထည့်တာတို့ နဲ့လဲ ပိုက်ဆံ ရှာနိုင်ပါသေးတယ် ဒါကိုတော့ အသေးစိပ် မပြောပြတော့ပါဘူး မိတ်ဆွေတို့ ကိုယ်တိုင် လုပ်နေရင်နဲ့ တဖြည်းဖြည်း နားလည်လာမှာပါ ။ ကျွန်တော်တို့ ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ Account upgrade လုပ်ပြီး နောက်ဆုံး Ultimate member ဖြစ်ဖို့နဲ့ ရှယ်ယာ အများဆုံး ဝယ်နိုင်ဖို့ ဖြစ်ပါတယ်။ ကြိုးစားပြီး ပုံမှန် အလုပ်လုပ် သွားမယ်ဆိုရင်တော့ ၁နှစ်ကျော် ၁နှစ်ခွဲမှာ ဖြစ်နိုင်ပါတယ်။
အရေးကြီးတဲ့ အပိုင်း ပိုက်ဆံ ဘယ်လို ထုတ်မလဲ ဆိုတာ ရှင်းပြပါ့မယ် ... 
မိတ်ဆွေတို့ရဲ့ အကောက်မှာ ငွေတွေ များပြားလာလို့ ထုတ်ယူတော့မယ်ဆိုရင်တော့ Account page မှာရှိတဲ့ Global menu မှ Withdraw မှာထုတ်ယူနိုင်ပါတယ်။ The Bux ရဲ့ minimum payout က 3$ ပါ။ မိတ်ဆွေတို့ရဲ့အကောက်မှာ 3$ ရှိပြီဆိုရင် ထုတ်လို့ရပါပြီ။အများဆုံး ဒေါ်လာ ၂၅၀ ကို နေ့စဉ်ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ဖို့ PayPal account / email တစ်ခုရှိရပါမယ်။..
ကဲ..ဒါကတော့ The Bux မှာငွေရှာနည်းအပြည့်အစုံပါဘဲ
အခြားတိကျသေချာတဲ့ ငွေပေးတဲ့ဆိုဒ်မှာရှာချင်သေးတယ်ဆိုရင်
Clixsense ဆိုတာရှိပါတယ် အနည်းငယ်ရှုပ်ထွေးတဲ့အသွင်အပြင်ရှိပေမယ့် ငွေပေးအလွန်တိကျပါတယ်
နောက်တစ်ခု Clixzor ဆိုတာရှိပါသေးတယ် ကြော်ငြာများသလို..ငွေပေးလဲအရမ်းကိုများပါတယ်..ကျနော်စမ်းထုတ်ပြီးပါပြီခင်မျ.
မန်ဘာဝင်ချင်ပါက ဒီကိုနှိပ်ပြီးဝင်နိုင်ပါတယ်.. အကုန်လုံးကတော့ လုပ်ပုံလုပ်နည်းသဘောတရားအတူတူတွေချည်းပါဘဲခင်မျာ..အဆင်ပြေကြပါစေ။ ဒီဆိုဒ်သုံးခုကို Connection အနည်းငယ်မျှရှိရုံနဲ့လုပ်လို့ရပါတယ် ..The Bux ကတော့နည်းနည်းမြန်တာပေါ့..ကဲ.. PayPal 
Account ဖောက်နည်းလေးစလိုက်ရအောင်...
 PayPal Account မဖောက်ခင်
http://makingmoneytutorial.weebly.com မှာသေချာနားလည်အောင်အရင်ဖတ်ပေးပါ..ဒါမှ
PayPal ဆိုတာဘယ်လိုသုံးရတယ်..ဘယ်လိုဖြစ်မှဘယ်လိုသုံးရတယ်နားလည်ပါလိမ့်မယ်။
PayPal Account ဘယ်လိုဖောက်မလဲ..
အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal  အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ 

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။ 
နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။  တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။
Personal ကိုရွှေးပြီးကလစ်ပါ  ။ Email address  ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့  စာလုံးအကြီးတစ်လုံးပါပါစေ။ 
ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket  ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။ 
 ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပြီ။ Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး။
ဒါဆိုရင်တော့  အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။  မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။ 

Monday, 14 October 2013

အမေရိကန် ELECTRONIC DIVERSITY VISA LOTTERY ဘယ်လိုလျှောက်ရမလဲ







အမေရိကန် ELECTRONIC DIVERSITY VISA LOTTERY ဘယ်လိုလျှောက်ရမလဲ

ဆိုတာကို ကိုဇင် (အဓိပတိပစ္စယော) ရေးထားတာပါ

          ပထမဆုံးပြောချင်တာကတော့ ဒီ အမေရိကန်နေထိုင်ခွင့်ကံစမ်းမဲကို အချက်အလက်ဖြည့်ပုံဖြည့်နည်း ရေးတဲ့အတွက် ဘယ် ကမှ ဘာတစ်ပြားတစ်ချပ်မှမရဘူးဆိုတာတော့ ကြိုပြောပါရစေ။ အများတကာ အခက်အခဲဖြစ်နေတယ်ကြားလို့၊ အချက်အလက်တွေကို အင်္ဂလိပ်ဘာသာနဲ့ ဖြည့်သွင်းရမှာဆိုတော့ ခက်နေလို့ပါဆိုလို့ မနေနိုင် မထိုင်နိုင် ရေးပေးတာပါ။ အတတ်နိုင်ဆုံး လေ့လာပြီး ဘယ် လိုလုပ်ရမယ်ဆိုတာ ပုံနဲ့တကွ အသေးစိတ် ရှင်းပြပေးထားပါတယ်။ အွန်လိုင်းက ဖြည့်သွင်းရမှာဖြစ်လို့ အင်တာနက်နဲ့ မနီးစပ်တဲ့ သူတွေ သိပ်မကျွမ်းကျင်သေးတဲ့ သူတွေပါ အလွယ်တကူ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားပြီး ရှင်းပြပေးပါမယ်။ တစ်ခုပဲ သတိထားရမှာက အချက်အလက်ဖြည့်သွင်းတဲ့အခါမှာ ပုံစံတစ်ခုအတွက် မိနစ် (၃၀) ပဲ အချိန်ပေးပါတယ်။ အချိန်အများကြီးလုံလောက်တယ်ဆိုပေမယ့် မြန်မာပြည်က အင်တာနက်မြန်နှုန်းနဲ့တော့ ကွက်တိကျရင် ကံကောင်းတယ်ဆိုရမှာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဓါတ်ပုံတစ်ပုံကို Upload လုပ်ပြီးတင်ရမှာမို့ပါ။ ဒါက လူလွတ်တစ်ယောက်ချင်းအတွက်ပါ။ အကယ်၍ အိမ်ထောင်ဖက်ရဲ့ဓါတ်ပုံ၊ သားသမီးတွေရဲ့ဓါတ်ပုံပါ တင်ရမယ်ဆိုရင် အချိန်ပိုကြာသွားနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်မြန်နှုန်းကောင်းတဲ့အချိန်ကို ရွေးချယ်ပြီးတင်ကြဖို့ အကြံပေး ချင်ပါတယ်။ နောက်တစ်ခုက ကြိုတင်ပြင်ဆင်ထားရမယ့်အချက်အလက်တွေကို အဆင်သင့်လုပ်ထားရပါမယ်။ ဥပမာ - မိသားစု ၅ ယောက်ရှိတယ်ဆိုပါစို့။ လျှောက်မှာက ဖအေနဲ့ မအေပဲ။ ဒါပေမယ့် သားသမီး ၃ ယောက်လို့ ဖြည့်သွင်းလိုက်တာနဲ့ အဲဒီသားသမီးတွေရဲ့ ဓါတ်ပုံ၊ မွေးသက္ကရာဇ် စတာတွေကို ဆက်တိုက်ဖြည့်သွင်းသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အသက် ၂၁ နှစ်လည်းမကျော်သေး အိမ်ထောင်လည်းမကျသေးတဲ့ သားသမီးတွေကို မိဘတွေရဲ့လျှောက်လွှာစာရင်းမှာ ဖြည့်သွင်း နိုင်ပါတယ်။ သားသမီးတွေထဲမှာ အထက်တန်းပညာရေးအဆင့်အထိရှိသူတွေအနေနဲ့ သီးခြားထပ်ပြီးလျှောက်ထားလို့ရပါသေးတယ်။ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းတစ်ခုခုမှာ ၂ နှစ် လုပ်သက်ရှိသူတွေလည်း လျှောက်ထားလို့ရပါတယ်။ တစ်မိသားစုလုံး တစ် ယောက်မဟုတ် တစ်ယောက် ကံထူးဖို့အခွင့်အလမ်းရှိတာပေါ့။
            ပထမအဆင့်ပြင်ဆင်ရမှာက ဓါတ်ပုံကိစ္စကအရေးအကြီးဆုံးပါပဲ။ ဓါတ်ပုံဟာ 600 X 600 pixel ပတ်လည်အရွယ်အစားဖြစ်ရပါ မယ်။ JPEG format ဖြစ်ရပါမယ်။ 240 KB အလေးချိန်ပဲရှိရပါမယ် (ဒါပေမယ့် လက်တွေ့မှာ 200 KB ထက်မကျော်ရင်ပို ကောင်းတယ်)။ Image Color Depth က 24 bit ရှိရပါမယ်။ ဓါတ်ပုံအနားသား အဖြူကြောင်းတွေ မပါပါစေနဲ့။ အကယ်၍ Scan ဖတ်ထားတဲ့ပုံဆိုရင် 300 dpi ဖြစ်ရပါမယ်။ Photoshop အတွေ့အကြုံ မရှိတဲ့သူတွေအတွက် နည်းနည်းရှုပ်ထွေးနိုင်ပါတယ်။ ကိစ္စမရှိပါ။ ဘယ်လိုလုပ် ရမယ်ဆိုတာလည်း အသေအချာရှင်းပြပေးပါမယ်။
            ၂ လက္မပတ်လည် ကြည်လင်ပြတ်သားတဲ့ ကာလာလိုင်စင်ဓါတ်ပုံရိုက်ပါ။ ဓါတ်ပုံရိုက်တဲ့အခါမှာ မျက်မှန်တပ်ထားခြင်း၊ ဦးထုပ် ဆောင်းခြင်း၊ ပြုံးခြင်း၊ ရယ်ခြင်း၊ ခေါင်းငဲ့ ခေါင်းစောင်းမလုပ်ပါနဲ့။ ဓါတ်ပုံနောက်ခံအရောင်ဟာ ကြည်လင်ရှင်းလင်းတဲ့ အရောင်ဖြစ်ရ ပါမယ်။ ဆိုလိုတာက ရှေ့ကလူကို ထင်သာမြင်သာရှိစေတဲ့ နောက်ခံအရောင်မျိုးဖြစ်ရပါမယ်။ ဓါတ်ပုံရှင်ရဲ့ ဦးခေါင်းတစ်ခုလုံးဟာ ဓါတ်ပုံ တစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ၆၉ ရာခိုင်နှုန်းကြားမှာ ရှိနေရပါမယ်။ အကျုံးဝင်တဲ့ ဓါတ်ပုံအနေအထားတွေကို http://travel.state.gov/visa/visaphotoreq/photoexamples/photoexamples_5331.html မှာ ၀င်ရောက်လေ့လာပါ။ ရလာတဲ့ လိုင်စင်ပုံကို Scan ပြန်ဖတ်ရပါမယ်။ Scan ဖတ်တာ မတတ်ရင် ကျွမ်းကျင်သူများနဲ့ တိုင်ပင်ပြီးလုပ်ပါ။ Scan ဖတ်တဲ့အခါ Scanner Setting မှာ 300 dpi ကိုပြောင်းပါ။ 300 dpi နဲ့ Scan ဖတ်လိုက်တာနဲ့ Image Color Depth ဟာ 24 bit အလို အလျောက်ရသွားပါမယ်။ ဒီအခြေအနေအထိ ဓါတ်ပုံက Photoshop ပေါ်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ဓါတ်ပုံကို Crop ဖြတ်ရ မယ့်အပိုင်း ဖြတ်ပစ်ရပါမယ်။ Crop ရဲ့ Width နဲ့ Height တွေကို 600 in ထားပြီး Crop လုပ်ပါတယ်။ အောက်ပုံမှာကြည့်ပါ။ အပေါ် မှာပေးခဲ့တဲ့ Link ကိုဝင်ကြည့်ပြီး အချိုးအစားညီတဲ့ ဓါတ်ပုံတစ်ပုံဖြစ်အောင် Crop လုပ်ပါ။


ဓါတ်ပုံဟာ 600 ပတ်လည်တော့ဖြစ်သွားပါပြီ။ ဒါပေမယ့် 600 pixels ဖြစ်ဖို့ ပုံကို ညှိပေးရပါမယ်။ ဒါကြောင့် Photoshop ရဲ့ Menu Bar ပေါ်မှာရှိတဲ့ Image ဆိုတာကိုနှိပ်ပါ။ နောက်ထပ် Image Size ဆိုတာကိုနှိပ်ပါ။ အဲဒီမှာ Image Size Box ကျလာပါမယ်။ Pixels Dimensions: ဆိုတဲ့အောက်က Width နဲ့ Height တွေကို အောက်ပုံမှာပြထားတဲ့အတိုင်း Pixels လို့ပြောင်းပြီး 600 စီပြောင်းပေးပါ။ OK နှိပ်ပါ။


ဒီအခြေအနေအထိ ဓါတ်ပုံဟာ Photoshop ပေါ်မှာပဲရှိပါဦးမယ်။ ဓါတ်ပုံကို JPEG format ဖြစ်အောင် Save လုပ်ရပါမယ်။ ဒါကြောင့် Photoshop Menu Bar ပေါ်မှာရှိတဲ့ File ကိုနှိပ်။ Save ကိုဆက်နှိပ်။ Save Box ကျလာပါမယ်။ Save မယ့်နေရာ ကြိုရွေးထားပါ။ Desktop ဆိုရင်လည်း Desktop ပေါ့။


အပေါ်ပုံမှာကြည့်ပါ။ အဲဒီမှာ File name ကို မိမိနာမည်ပေးပါ။ Format ကို JPEG ပြောင်းပါ။ ပြီးရင် Save ကို နှိပ်လိုက်ပါ။ နောက်ထပ် JPEG Option Box တစ်ခုထပ်ကျလာပါမယ်။ အောက်ပုံမှာကြည့်ပါ။ Image Options ထဲက အပေါ်ကိုထောင်နေတဲ့ မြှားတုံးကို large file ဖက်ကိုဆွဲယူသွားပါ။ တပြိုင်နက်တည်းမှာ အောက်ဆုံးက Size ကိုလည်းကြည့်နေပါ။ ပုံမှာပြထားသလို 186 K သို့မဟုတ် 200 K လောက်ရရင် ရပ်လိုက်ပါတော့။ ပြီးရင် OK နှိပ်လိုက်ပါ။ လျှောက်လွှာတင်ဖို့အတွက် အကျုံးဝင်တဲ့ ဓါတ်ပုံတစ်ပုံရပါပြီ။


အခုပြောပြခဲ့တာတွေဟာ ရှုပ်ထွေးနေမယ်ဆိုရင် သို့မဟုတ် ကိုယ့်ဘာသာကိုယ်လုပ်ဖို့ ခက်ခဲနေမယ်ဆိုရင်။ လိုင်စင်ပုံရိုက်က တည်းက Digital Camera နဲ့ရိုက်တဲ့ လိုင်စင်ဓါတ်ပုံဆိုင်မှာ ရိုက်ပါ။ ဓါတ်ပုံကတော့ မဖြစ်မနေယူရမှာပေါ့။ Digital ပုံလည်းတောင်းပါ။ တောင်းတဲ့အခါမှာ Image Format = JPEG, File Size = 200 KB, Image Resolution = 600 pixels (width) and 600 pixels (height), Image Color Depth = 24 bit ရအောင်လုပ်ပေးဖို့ပြောပါ။ ဆိုင်တွေမှာ ကျွမ်းကျင်တဲ့သူတွေရှိတဲ့အတွက် သူတို့ လုပ်ပေး တတ်ပါတယ်။ အဲဒါကို USB Drive နဲ့ ထည့်ယူထားလိုက်ရင် အဆင်ပြေသွားမှာပါ။ ပုံကို Upload လုပ်တဲ့အခါ USB Drive ထဲကပုံကို Upload တင်ပေးလိုက်ရုံပေါ့။ ယူလာတဲ့ပုံ Format ကျမကျ ပုံပေါ်မှာ ညာကလစ်နှိပ်ပြီး Properties ဆက်နှိပ်။ Details ဆိုတဲ့ Tab ပေါ် ကိုဆက်နှိပ်ပြီးကြည့်ပါ။ အောက်မှာပြထားတဲ့ပုံလို Dimensions, Width, Height နဲ့ Bit depth တွေ အံကိုက်ဖြစ်တယ်ဆိုရင် အဆင်ပြေပါပြီ။ ကျန်တာတွေက ကိစ္စမရှိပါ။


အဲဒီဓါတ်ပုံကို https://www.dvlottery.state.gov/photo.aspx ၀င်ပြီး Check လုပ်နိုင်ပါတယ်။ Your photo is valid ဆိုရင် အဆင်ပြေပြီ။
            အခုပြောတာအထိ ကြိုတင်ပြင်ဆင်ရေးအပိုင်းက ဓါတ်ပုံကိစ္စသက်သက်ပဲရှိပါသေးတယ်။ အကယ်၍ မိသားစုဝင်တွေများ တယ်ဆိုရင် ဓါတ်ပုံဖိုင်တွေကို သက်ဆိုင်တဲ့သူတွေရဲ့နာမည်ပေးထားဖို့လိုမယ်။ အဲဒီလိုမလုပ်ထားရင် Upload တင်တဲ့အခါ ဓါတ်ပုံမှား တင်မိမှာ စိုးရိမ်ရပါတယ်။ နောက်ပိုင်းကိစ္စတွေကတော့ လွယ်သွားပါပြီ။
            နောက်ထပ်ပြောမှာက ကြိုတင်ပြင်ဆင်ရေး ဒုတိယပိုင်းလို့ပဲ ဆိုကြပါစို့။ ဖြည့်သွင်းရမယ့်အချက်အလက်တွေ ကြိုတင်ချရေး ထားတာကောင်းပါတယ်။ လျှောက်လွှာပုံစံမှာ ဖြည့်သွင်းရမယ့်အချက်အလက်က လူလွတ်တစ်ဦးတည်းအတွက်ဆိုရင် အချက်ပေါင်း ၁၄ ချက်ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အိမ်ထောင်သည်မိသားစုတွေအတွက်ဆိုရင်တော့ မိသားစုဝင်တွေရဲ့ တစ်ဦးချင်း အမည်၊ မွေးသက္ကရာဇ်၊ လိင်အမျိုးအစား၊ မွေးဖွားရာမြို့၊ မွေးဖွားရာနိုင်ငံ၊ ဓါတ်ပုံ စတာတွေလိုအပ်ပါတယ်။ မိသားစုဝင်စာရင်းထည့်သွင်းတဲ့အခါမှာ အသက် ၂၁ နှစ်ကျော်ပြီးတဲ့သားသမီး။ အိမ်ထောင်ကျနေတဲ့သားသမီးတွေကို ချန်လှပ်ထားဖို့လိုအပ်ပါတယ်။
            လျှောက်လွှာဖြည့်သွင်းမယ့်သူတစ်ဦးချင်းစီအတွက် အဓိကလိုအပ်ချက်တွေကတော့ ....
            ၁။ အမည် -                      (အင်္ဂလိပ်ဘာသာ စာလုံးကြီးဖြင့်)
            ၂။ မွေးနေ့ -                       အင်္ဂလိပ်ခုနှစ်၊ အင်္ဂလိပ်လ၊ အင်္ဂလိပ်ရက်။
            ၃။ လိင် -                         ကျား/မ
            ၄။ မွေးဖွားရာမြို့ -               (မွေးစာရင်းအမည်ပေါက်သည့်မြို့ သို့မဟုတ် အိမ်ထောင်စုစာရင်းတည်ရာမြို့)
            ၅။ မွေးဖွားရာနိုင်ငံ -              (မြန်မာနိုင်ငံ) (လျှောက်လွှာပုံစံမှာ Burma လို့ သုံးနှုန်းဆဲ)
            ၆။ ဓါတ်ပုံ -                       ၂ လက္မပတ်လည် (ကာလာလိုင်စင်)
            ၇။ လိပ်စာ -                      အိမ်ထောင်စုစာရင်းပေါက်ရာနေရာ လိပ်စာအပြည့်အစုံ ရပ်ကွက်၊ လမ်း၊ အိမ်နံပါတ်၊ မြို့။
            ၈။ လက်ရှိနေထိုင်ရာနိုင်ငံ       (မြန်မာနိုင်ငံ) (လျှောက်လွှာပုံစံမှာ Burma လို့ သုံးနှုန်းဆဲ)
            ၉။ ဖုန်းနံပါတ် -                   မရှိရင် ထည့်ဖို့မလိုပါ။
            ၁၀။ အီးမေးလ်လိပ်စာ -         အမြဲတမ်းသုံးသည့် အီးမေးလ်လိပ်စာ
            ၁၁။ ပညာအရည်အချင်း -      အနိမ့်ဆုံး အထက်တန်းပညာအရည်အချင်း (သို့မဟုတ်) အလုပ် ၂ နှစ်အတွေ့                                                                   အကြုံရှိသူဖြစ်ရမည်။
            ၁၂။ အိမ်ထောင် -                ရှိ/မရှိ
            ၁၃။ သားသမီး -                 ရှိ/မရှိ (ရှိလျှင်အရေအတွက်ဖော်ပြရန်) စတာတွေဖြည့်သွင်းရပါမယ်။
            ရှေ့မှာ ၁၄ ချက်လိုအပ်တယ်ဆိုပြီး အခုပြောတာ ၁၃ ချက်ပဲရှိပါတယ်။ လျှောက်လွှာလက်တွေ့ဖြည့်သွင်းတဲ့အခါမှာ အချက် ၁ ချက်က သက်ဆိုင်ရာနိုင်ငံသားဖြစ်တဲ့သူတွေအတွက် ဖြည့်သွင်းဖို့မလိုအပ်ပါဘူး။ ဆိုလိုတာက မြန်မာနိုင်ငံမှာနေသော်လည်း နိုင်ငံ သားအရည်အချင်းမပြည့်မီသေးသူတွေ။ ဒါမှမဟုတ် အချိန်အကန့်အသတ်တစ်ခုနဲ့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်နေရတဲ့သူများ ဖြည့်သွင်းရမယ့်နေရာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာနိုင်ငံသားအရည်အချင်းပြည့်မီသူတွေအတွက် အဲဒီအချက်ကို ဖြည့်သွင်းစရာ မလိုဘဲ ချန်ထားခဲ့ရပါမယ်။
            လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ပြီးပြီဆိုရင်တော့ လျှောက်လွှာဖြည့်သွင်းမှုအပိုင်းကို ဆက်သွားကြပါစို့။ ဒီမှာ အချက်တစ်ချက် ချင်းစီ ဘယ်လိုဖြည့်သွင်းရမယ်ဆိုတာ ဓါတ်ပုံနဲ့တကွ ရှင်းပြပေးပါဦးမယ်။ အခုပြောခဲ့တာတွေကို အင်္ဂလိပ်စာတတ်ပေတတ် အွန်လိုင်းနဲ့ ကွန်ပျူတာကျွမ်းကျင်သူတွေအတွက်တော့ ပျင်းစရာကြီးဖြစ်နေမလားပဲ။ ဒါကြောင့် အင်္ဂလိပ်ဘာသာနဲ့ DV-2015 Program Instructions ကို http://travel.state.gov/pdf/DV_2015_Instructions.pdf သွားပြီးဖတ်နိုင်ပါတယ်။
            လျှောက်လွှာဖြည့်သွင်းဖို့အတွက် https://www.dvlottery.state.gov အရင်ဆုံးသွားရပါမယ်။ အခုပြောတဲ့ဆိုက်ကလွဲပြီး တခြားကိုမသွားပါနဲ့ ပိုက်ဆံတောင်းတဲ့ Website တွေနဲ့တွေ့နေပါ့မယ်။ အမေရိကန်ဗီဇာကံစမ်းမဲအစီအစဉ်ဟာ ပိုက်ဆံပေးစရာမလိုဘဲ လျှောက်ထားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ https://www.dvlottery.state.gov ဟာ အမေရိကန်အစိုးရရဲ့ Website အစစ်ဖြစ်ပါတယ်။ အဲဒီကပဲ လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။
            အထက်မှာပြောခဲ့တဲ့ Link ကို သွားလိုက်ပါ။ အရင်ဆုံးတွေ့ရမှာက အောက်ကပုံအတိုင်းဖြစ်ပါတယ်။ အဲဒီမှာ အောက်ဆုံးက Begin Entry ဆိုတာကို နှိပ်ပါ။


အဲဒီလို Begin Entry ကိုနှိပ်လိုက်တာနဲ့ နောက်ထပ် တစ်မျက်နှာထပ်ပေါ်လာပါလိမ့်မယ်။ အဲဒါကတော့ လျှောက်လွှာဖြည့် သွင်းသူဟာ လူသားလား ဆော့ဝဲလ်လားဆိုတာစစ်ဆေးတာဖြစ်ပါတယ်။ Authentication Code ဆိုတဲ့အောက်က စာလုံးတွေကို ညာဖက်က အနီစက်ကလေးပြထားတဲ့ကွက်လပ်ထဲမှာ မှန်မှန်ကန်ကန်ဖြည့်သွင်းပြီ အဲဒီအောက်မှာရှိတဲ့ Submit ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် လျှောက်လွှာပုံစံကျလာပါလိမ့်မယ်။


Authentication Code ကို ဖြေပြီးတာနဲ့ အောက်ကပုံအတိုင်း လျှောက်ပုံစံစာမျက်နှာဆီရောက်ပါမယ်။ ဒါက Part One - Entrant Information ဖြစ်ပါတယ်။ ဒီမှာ အချက် ၁၄ ချက် စပြီးဖြည့်ရပါတော့မယ်။ လူလွတ်တစ်ယောက်တည်းအတွက်ဆိုရင်တော့ ဒီ Part One ဖြည့်ပြီးတာနဲ့ ပြီးပါမယ်။ အကယ်၍ အိမ်ထောင်သည် မိသားစုတွေဆိုရင်တော့ Part Two ကို ဆက်ဖြည့်ရပါမယ်။ Part One နဲ့ Part Two တစ်ခုချင်းစီအတွက် ဖြည့်သွင်းချိန် ၃၀ မိနစ်စီရပါမယ်။ စုစုပေါင်း ၆၀ မိနစ်ပေါ့။ လက်တွေ့မှာ အဲဒီလောက်မကြာပါဘူး။ ကြိုတင်ပြင်ဆင်ထားရင် စိတ်ကျေနပ်လောက်တဲ့အထိ အထပ်ထပ်အပြန်ပြန်စစ်ဆေးပြီးတဲ့အထိ အလွန်ဆုံးကြာရင် တစ်ပိုင်းကို ၁၅ မိနစ်လောက်ပါပဲ။ အဲ မြန်မာနိုင်ငံက အင်တာနက်မြန်နှုန်းကြောင့် ဓါတ်ပုံ Upload တင်တဲ့အခါ ချာလည်လည်နေမှာတော့ စိုးရိမ်ရတယ်။


ကဲ ... အပေါ်ကပုံကို ပြန်ကြည့်ဦးစို့။ အမှတ်စဉ် 1 မှာ Name (အမည်) ဖြည့်သွင်းရပါမယ်။ မြန်မာတွေမှာ Last/Family Name နဲ့ Middle Name ဆိုတဲ့ အသုံးအနှုန်းတွေမရှိလို့ ကျနော်ကတော့ First Name နေရာမှာပဲ နာမည်အပြည့်အစုံကို ထည့်ပါတယ်။ အချို့ နာမည်သုံးလုံးရှိရင် သုံးနေရာ ခွဲထည့်တာတွေ့ရတယ်။ လုပ်ချင်သလိုလုပ်ပေါ့လေ။ First Name နေရာမှာ နာမည်အပြည့်အစုံ ထည့်မယ်ဆိုရင်တော့ အောက်ဆုံးက No Last/Family Name နဲ့ No Middle Name ဆိုတဲ့နဘေးက လေးထောင့်ကွက်ကလေး တွေမှာ အမှတ်ခြစ်ကလေးတွေပေးခဲ့လိုက်ပါ။ ဒါ ပထမအဆင့် 1. Name ဆိုတာကို ဖြည့်လို့ပြီးပြီ။ အောက်မှာ နောက်တစ်ကြောင်းထပ် တွေ့ ရပါမယ်။ အောက်ပုံမှာကြည့်ပါ။ ကိုယ့်ရဲ့ မွေးရက်၊ မွေးလ၊ မွေးနှစ်ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ဘာမှမခက်ပါဘူး။ သက်ဆိုင်ရာ အကွက်မှာရှိတဲ့ အောက်ကိုဆိုက်နေတဲ့ မြှားကလေးတွေကိုနှိပ်ပြီး မွေးရက်၊ မွေးလတွေကို ရှာဖြည့်လိုက်ရုံပါပဲ။ မွေးနှစ်ကတော့ ကိုယ့်ဘာသာကိုယ် ရိုက်ရပါမယ်။ ဒီပုံထဲကအတိုင်း လိုက်မဖြည့်ပါနဲ့ ဒါက နမူနာနော်။


အခုပြောခဲ့တာအထိ 2. Birth Date ဆိုတဲ့အဆင့်အထိ ပြီးသွားပါပြီ။ အောက်မှာ နောက်ထပ်ထပ်ဖြည့်ရပါမယ်။ အဲဒါကတော့ လိင်အမျိုးအစား ခွဲခြားပြပေးရပါမယ်။ အမျိုးသားဖြစ်ရင် Male ဆိုတဲ့နဘေးက အ၀ိုင်းကလေးထဲကို မောက်စ်နဲ့ကလစ်ပြီး အမှတ်စက် ကလေးထည့်ပေးလိုက်ပါ။ အမျိုးသမီးဆိုရင် Female ဆိုတဲ့နဘေးက အ၀ိုင်းကလေးထဲကို မောက်စ်နဲ့ကလစ်ပြီး အမှတ်စက်ကလေး ထည့်ပေးလိုက်ပါ။ ဒါ 3. Gender ကိစ္စပြီးပြီ။


နောက်အဆင့်တွေဖြစ်တဲ့ 4. City Where You Were Born, 5. Country Where You Were Born နဲ့ 6. Country of Eligibility for the DV Program တွေဖြည့်သွင်းတာကို တခါတည်းပြောသွားပါမယ်။ အမှတ်စဉ် 4 ကိုဖြည့်သွင်းရမှာက မိမိမွေးဖွားခဲ့ရာ မြို့ဖြစ်ပါတယ်။ အမှတ်စဉ် 5 ကတော့ မိမိမွေးဖွားရာ နိုင်ငံဖြစ်ပါတယ်။ အမှတ်စဉ် 6 ကို ဘာမှသွားတို့စရာ ထိစရာမလိုပါဘူး။ ဒီအတိုင်း သာထားခဲ့လိုက်ပါ။


နောက်တစ်ဆင့် အမှတ်စဉ် 7. Entrant Photograph ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ အောက်ပုံမှာကြည့်ပါ။ ဓါတ်ပုံဖြည့်သွင်း ရမှာဖြစ်ပါတယ်။ Photograp File Name ဆိုတဲ့ဘေးက Browse ဆိုတာကိုနှိပ်ပြီး ဓါတ်ပုံသိမ်းထားတဲ့ဆီကဓါတ်ပုံကို Upload တင်ပေးရမှာ ဖြစ်ပါတယ်။ USB Drive ထဲမှာထည့်ယူလာတယ်ဆိုရင် USB ထဲကပုံကို တင်ပေးလိုက်ပေါ့။ မလုပ်တတ်ရင်မစိုးရိမ်ပါနဲ့။ အင်တာနက်ဆိုင်မှာလျှောက်မယ်ဆိုရင် ဆိုင်က တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပါ။ အဆင်ပြေသွားတယ်ဆိုရင် Browse ရဲ့ဘေးမှာ ဓါတ်ပုံ File Name ကလေးပေါ်လာမှာပါ။


နောက်တစ်ဆင့် ဖြည့်သွင်းရမှာကတော့ အမှတ်စဉ် 8. Mailing Address ဖြည့်သွင်းရမှာဖြစ်ပါတယ်။ နေရပ်လိပ်စာ အပြည့်အစုံ ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပုံထဲကအတိုင်းမဖြည့်ပါနဲ့ အဲဒါက လျှောက်ဖြည့်ထားတာနော်။ ကိုယ်နဲ့သက်ဆိုင်တဲ့ လိပ်စာပဲဖြည့်ပါ။


အပေါ်ပုံကိုပြန်ကြည့်ပါ။ 8.a In Care of ဆိုတာမှာ (Optional) လို့ပေးထားတဲ့အတွက် မဖြည့်ချင်လည်းရတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒီအတိုင်းသာထားခဲ့ပါ။ 8.b Address Line 1 မှာ အိမ်နံပတ်နဲ့ လမ်းနာမည်ထည့်ပေါ့။ 8.c Address Line 2 မှာ ရပ်ကွက် နာမည်ထည့်။ 8.d City/Town နေရာမှာ မြို့နာမည်ထည့်။ 8.e District/Country/Province/State နေရာမှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းနာမည်တွေထည့်ပါ။ 8.f Postal Code/Zip Code ဆိုတာ မြန်မာနိုင်ငံမှာ သုံးလေ့သုံးထမရှိလို့ ပုံမှာပြထားသလို အမှတ်ကလေး ခြစ်ပေးခဲ့လိုက်ပါ။ 8.g Country ကတော့ Burma လို့ဖြည့်လိုက်ပါ။ ဒါဆိုရင် အမှတ်စဉ် 8 ကိုဖြည့်လို့ပြီးပါပြီ။
             နောက်အဆင့်တွေဖြစ်တဲ့ 9, 10, 11, 12 တွေကတော့ လွယ်သွားပါပြီ။ 9 မှာ Burma ပေါ့။ 10 မှာ ဖုန်းနံပါတ်ရှိရင်ပေးလိုက်။ မပေးချင်လည်းရတယ်။ 11 မှာ ကိုယ်အမြဲတမ်းသုံးတဲ့ E-Mail လိပ်စာကို မှန်မှန်ကန်ကန်ဖြည့်ပါ။ ပုံထဲကဟာ သွားမထည့်နဲ့နော်။ 12 ကတော့ ကိုယ့်ပညာအရည်အချင်းနဲ့သက်ဆိုင်တဲ့နေရာမှာ အမှတ်စက်ကလေးထည့်ပေးလိုက်ပါ။ အထက်တန်းပညာအရည်အချင်း မရှိသူတွေကတော့ Primary School only ဆိုတဲ့ဘေးမှာထည့်လိုက်ပါ။ သူက အသက်မွေးဝမ်းကြောင်းအတွေ့အကြုံ ၂ နှစ်ရှိတဲ့သူတွေ ထဲမှာ ပါသွားတာပေါ့။ ပညာအရည်အချင်းနည်းလို့ အားမငယ်နဲ့ အမေရိကန်က အလုပ်လုပ်တဲ့သူပဲလိုချင်တာ။ ပညာတတ်တွေဆိုတာ အများစုက ဖျံတွေချည်းပဲ။ လူ့ပေါ်ကျော့တွေ ရရာအလုပ်လည်းမလုပ်ချင်ဘူး။ အစိုးရကိုလိမ်ညာပြီး ထောက်ပံ့ကြေးတောင်းစားနေတာ တစ်ပုံကြီးတဲ့။ အမေရိကန်ကမိတ်ဆွေတွေပြောပြလို့ သိတာနော်။


နောက်အဆင့်တွေဖြစ်တဲ့ 13 နဲ့ 14 က ရှင်းတယ်။ အိမ်ထောင်ရှိမရှိ။ ကလေးရှိမရှိဒါပါပဲ။ 13. Wath is your current martial status? ဆိုတဲ့နေရမှာ အိမ်ထောင်မရှိရင် Unmarried, အိမ်ထောင်ရှိရင် Married, ကွဲနေရင် Divorced, ခင်ပွန်း ဇနီးဆုံးသွားရင် Widowed ဆိုပြီးရှိတယ်။ သက်ဆိုင်တဲ့နားမှာ အမှတ်စက်ကလေးထည့်ပေးလိုက်ရင်ပြီးပြီ။ အောက်ဆုံးက Legally Separated ဆိုတာ မြန်မာနိုင်ငံမှာ အလေ့မရှိလို့ စဉ်းစားစရာမလိုဘူး။


အဲ အိမ်ထောင်တော့မရှိဘူး တရားဝင်မွေးစား ထားတဲ့ကလေးရှိတယ်ဆိုရင် ကလေးအရေအတွက်ကိုထည့်ပေါ့။ ဒါဆိုရင်တော့ နောက်ထပ် Part Two ကို ဆက်ဖြည့်ရပါမယ်။ ကလေးတွေရဲ့ အချက်အလက်တွေ ဓါတ်ပုံတွေ ထည့်ဖြည့်ရပါမယ်။ ဒါက လွယ်သွားပြီ ရှေ့ကပြောခဲ့သလို အဆင့်ဆင့်လုပ်သွားရုံပဲ။
            တစ်ယောက်တည်းသမား Unmarried ဆိုရင်တော့ Part One ဖြည့်ပြီးလို့ အောက်ဆုံးက Continue ကို နှိပ်လိုက်တာနဲ့  ဖြည့်ထားတဲ့အချက်အလက်တွေ ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ နောက်တစ်ခုပေါ်လာမယ်။ ဒီမှာပြန်စစ်ဆေးပေါ့။ မှားနေတယ်ဆို ရင် Go Back to Part One ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ ပြင်လို့ပြီးပြီ အားလုံးစိတ်တိုင်းကျပြီဆိုရင် Continue ကိုပြန်နှိပ်ပေါ့။ ဒါဆိုရင် ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ ပြန်ပေါ်လာမှာပဲ။ သေချာပြီဆိုရင် အဲဒီစာမျက်နှာကို Print လုပ်ပြီးယူထားဖို့ ပြောလိမ့်မယ်။ အဲဒါ နောက်ပိုင်းလိုအပ်ရင် သုံးနိုင်ဖို့အတွက်ပေါ့။ Print လုပ်ထားချင်ရင်လည်းလွယ်တယ်။ လက်ရှိ လျှောက်လွှာဖြည့်သွင်းနေတဲ့ Mozilla Firefox Browser ရဲ့ Menu Bar က File ကိုနှိပ်ပြီး Print ဆိုတာကိုနှိပ်ပြီး ဆက်လက်ဆောင်ရွက်နိုင်တယ်။ PDF Version နဲ့ Print ယူ ထားပြီး USB Drive ထဲ ထည့်သိမ်းထားလည်းဖြစ်တယ်။ ကိုယ့်အီးမေးလ်ထဲမှာ Attached File လုပ်ပြီး Draft ထဲမှာသိမ်းထား ရင်ပိုကောင်းတယ်။
            ကောင်းပြီ Print ယူပြီးတာနဲ့မပြီးသေးဘူး။ Continue ကို ဆက်နှိပ်ရမယ်။ အဲဒီကျတော့မှ အရေးကြီးတဲ့အပိုင်းကို ရောက်တာ။ အောက်ပုံမှာကြည့်ပါ။ ကိုယ့်လျှောက်လွှာကို လက်ခံလိုက်ပြီဆိုတာ ပြောတဲ့စာမျက်နှာ ထပ်ထွက်လာမယ်။ ဒါအရေးအကြီး ဆုံးပဲ။ စာမျက်နှာကို Print လုပ်ပြီး ယူကိုယူထားရမယ်။ Entrant Name, Confirmation Number, Year of Birth တွေက DV 2015 ပေါက် မပေါက် ပြန်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ကံစမ်းမဲပေါက်သူတွေကို စာလည်းပို့မှာမဟုတ်သလို အီးမေးလ်ကလည်း အကြောင်း ကြားမှာမဟုတ်ဘူး။ ကံစမ်းမဲပေါက် မပေါက် ကိုယ့်ဘာသာကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလို Print ထုတ် ယူထားပါ။ ဒါမှမဟုတ် PDF Version နဲ့ Print လုပ်ပြီးသိမ်းထားပါ။ ဒါဆိုရင်တော့ လျှောက်ထားမှု အစီအစဉ် ပြီးဆုံးသွားပါပြီ။


အဲ ... Part Two ဆက်ဖြည့်ရမယ့်သူတွေအတွက်လည်း အပေါ်ကပြောခဲ့တဲ့အတိုင်းပါပဲ။ Part One ကိုဖြည့်ပြီးတာနဲ့ Continue ကိုနှိပ်လိုက်တာနဲ့ Part Two ကို ဆက်ဖြည့်ရပါမယ်။ Part One နဲ့ Two နှစ်လုံးဖြည့်ပြီးပြီဆိုရင်တော့ Continue ကိုနှိပ်လိုက် တာနဲ့ ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ နောက်တစ်ခုပေါ်လာမယ်။ ဒီမှာပြန်စစ်ဆေးပေါ့။ Part One မှာ မှားနေတယ်ဆိုရင် Go Back to Part One ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ Part Two မှာ မှားနေတယ်ဆိုရင် Go Back to Part Two ကိုကလစ်ပြီး ပြန်ပြင်ပေါ့။ ပြင်လို့ပြီးပြီ အားလုံးစိတ်တိုင်းကျပြီဆိုရင် Continue ကိုပြန်နှိပ်ပေါ့။ ဒါဆိုရင် ပြန်စစ်ဆေးဖို့ အချက်ပေးစာမျက်နှာ ပြန်ပေါ်လာမှာပဲ။ သေချာပြီဆိုရင် အဲဒီစာမျက်နှာကို Print လုပ်ပြီးယူထားဖို့ပြောလိမ့်မယ်။ အဲဒါ နောက်ပိုင်းလိုအပ်ရင် သုံးနိုင်ဖို့အတွက်ပေါ့။ Print လုပ်ထားချင်ရင်လည်း လွယ်တယ်။ လက်ရှိ လျှောက်လွှာဖြည့်သွင်းနေတဲ့ Mozilla Firefox Browser ရဲ့ Menu Bar က File ကိုနှိပ်ပြီး Print ဆိုတာကိုနှိပ်ပြီး ဆက်လက်ဆောင်ရွက်နိုင်တယ်။ PDF Version နဲ့ Print ယူထားပြီး USB Drive ထဲ ထည့်သိမ်းထား လည်းဖြစ်တယ်။ ကိုယ့် အီးမေးလ်ထဲမှာ Attached File လုပ်ပြီး Draft ထဲမှာသိမ်းထားရင် ပိုကောင်းတယ်။
            ကောင်းပြီ Print ယူပြီးတာနဲ့မပြီးသေးဘူး။ Continue ကို ဆက်နှိပ်ရမယ်။ အဲဒီကျတော့မှ အရေးကြီးတဲ့အပိုင်းကို ရောက်တာ။ အပေါ်ပုံမှာကြည့်ပါ။ ကိုယ့်လျှောက်လွှာကို လက်ခံလိုက်ပြီဆိုတာပြောတဲ့ စာမျက်နှာထပ်ထွက်လာမယ်။ ဒါအရေးအကြီးဆုံးပဲ။ စာမျက် နှာကို Print လုပ်ပြီး ယူကိုယူထားရမယ်။ Entrant Name, Confirmation Number, Year of Birth တွေက DV 2015 ပေါက် မပေါက် ပြန်စစ်ဆေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ကံစမ်းမဲပေါက်သူတွေကို စာလည်းပို့မှာမဟုတ်သလို အီးမေးလ်ကလည်း အကြောင်းကြားမှာ မဟုတ်ဘူး။ ကံစမ်းမဲပေါက် မပေါက် ကိုယ့်ဘာသာကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို Print ထုတ်ယူထားပါ။ ဒါမှမဟုတ် PDF Version နဲ့ Print လုပ်ပြီးသိမ်းထားပါ။ ဒါဆိုရင်တော့ လျှောက်ထားမှု အစီအစဉ် ပြီးဆုံးသွားပါပြီ။
            ကံစမ်းမဲပေါက်တယ် မပေါက်ဘူး ဘယ်အချိန်ပြန်စစ်ဆေးရမလဲ။ ဘယ်အချိန်ဘယ်လိုသိရမလဲ။ ဒါ အရေးကြီးဆုံးပေါ့။ ဒါကြောင့် နောက်ဆုံး Print လုပ်ယူထားတဲ့ Entry Received ထဲက အချက်အလက်တွေနဲ့ ၂၀၁၄ မေလ ၁ ရက်နေ့ကနေ ၂၀၁၅ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်းမှာ https://www.dvlottery.state.gov/ESC/ ဆိုတဲ့နေရာမှာသွားပြီး စစ်ဆေးရမှာဖြစ်ပါတယ်။ အပေါ်မှာပြထားတဲ့ပုံထဲက အချက်အလက်တွေကို ဒီမှာဖြည့်သွင်း Submit ကိုနှိပ်ပြီးစစ်ဆေးရမှာဖြစ်ပါတယ်။ SELETED ဆိုရင်တော့ ကံစမ်းမဲပေါက်ပြီ။ သံရုံးကိုသာ ဆက်သွယ်ပေတော့။ ကံကောင်းကြပါစေ။


အကယ်၍များ ဒီထက်ပိုပြီးသိချင်တာရှိရင်ဖြစ်စေ လိုအပ်နေတာကို ထောက်ပြချင်တာဖြစ်စေ ဒီ Post အောက်မှာ Comment ပေးထားခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ kozin88@gmail.com ကို စာပို့ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။ တတ်နိုင်သလောက် ကြိုးစားပြီး ကူညီပါ့မယ်။ ကံစမ်းမဲပေါက်အောင်တော့ အိုဗားမားတောင် မကူညီနိုင်လို့ ကျနော့်ကိုလည်း အကူအညီမတောင်းပါနဲ့ခင်ဗျာ။
            Laptop ကလေးကလည်း မစုတ်ဘူး၊ လိုအပ်တဲ့ဆော့ဝဲလ်တွေလည်းရှိတယ်ဆိုရင် Video Tutorial ကလေးတစ်ခုလုပ်ပြီး Youtube မှာ တင်ပေးချင်တာပါ။ အဲဒါဆိုရင် ပိုရှင်းတာပေါ့ဗျာ ........... ။ နောင်နှစ် DV 2006 ကျရင် အဲဒါလေးအကောင်အထည်ဖော် နိုင်အောင် ကြိုးစားလိုက်ပါ့မယ်။ အဲ ... အမေရိကန်ရောက်ပြီး အလုပ်များနေရင်တော့ မပြောတတ်ဘူးနော်။ ဟဲ ဟဲ ........။ လျှောက်သူတိုင်း ပေါက်နိုင်ကြပါစေ ......။ အဲ ... ကံကောင်းနိုင်ကြပါစေဗျာ။
            ၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းအထိပဲ လျှောက်လွှာတွေကိုလက်ခံမှာမို့လို့ အမြန်ဆုံးသာ လျှောက်လိုက်ကြပါတော့။

Ref to

ကိုဇင် (အဓိပတိပစ္စယော)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၃) ရက်။


အခု Post ကို PDF ဖိုင်နဲ့ ရှင်းရှင်းလင်းလင်းဖတ်ချင်ရင်တော့ 

 http://www.scribd.com/doc/172987083/How-to-Apply-USA-Visa-Lottery 

မှာ သွားဖတ်နိုင်ပါတယ်။

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing