Tuesday, 4 February 2014

ချစ်သူများနေ့နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ (၅)မျိုး



ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကိုယ့်ချစ်သူနဲ့လျှောက်လည်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းပြီး အများနဲ့မတူ ဆံပင်ပုံစံလေးတစ်ခု ရှိနေစေရယ်၊ အဲ့ဒီ နေ့လေးနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံလေး ပိုင်ဆိုင်စေနိုင်ဖို့ပါ ခုလို ဖော်ပြပေးလိုက်ပါတယ်။


၁။ ဒီလိုဆံထုံးပုံစံမျိုးက ထုံးဖွဲ့ရလွယ်ပေမယ့် မိန်းကလေးအများစုဆီမှာ မတွေ့ရတတ်တဲ့ ဆံထုံးထုံးဖွဲ့ပုံပါ။ အဲ့ဒီနေ့မှာကိုယ်က မိန်းကလေးဆန်ဆန် ဂါဝန်၊ dress လေးတွေ ၀တ်ဆင်မယ်ဆိုရင် ဒီလို ကပိုကရိုနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံထုံးနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။


၂။ကိုယ်က ဘာမှပြင်ဆင်ထားတဲ့ပုံ မပေါက်ပေမယ့် ကိုယ့်ချစ်သူရဲ့အမြင်မှာလည်း အလှဆုံးဖြစ်နေချင်တယ်။ ဒီနေ့အတွက် ထူးထူးခြားခြားကြီး ပြင်ဆင်လာတဲ့ပုံမျိုးလည်း မပေါက်စေချင်ဘူးဆိုရင်တော့ ဒီဆံပင်ပုံစံလေးကိုသာ ရွေးချယ်လိုက်ပါလို့။


၃။ဆံပင်ရှည်တဲ့ ပျိုမေတွေအတွက် ခုလို ဆံပင်စည်းတဲ့ပုံစံမျိုးလေးနဲ့ သင့်တော်မှာပါ။ ရှေ့ဆံပင်အတိဖြစ်ဖြစ်၊ ဘေးခွဲဖြစ်ဖြစ် ခေါင်းစားစရာမလိုတဲ့အပြင် ခုနောက်ပိုင်း ကိုယ့်ဆံပင်နဲ့ ခက်ရာခက်ဆစ် ပြန်စည်းစရာမလိုတော့ဘဲ ဒီလိုဆံပင်ပုံစံမျိုးရအောင် စည်းနှောင်ဖို့ ခေါင်းစည်းကြိုးလေးတွေ အသင့်ရှိနေပြီနော်။


၎။ကျစ်ဆံမြီးကျစ်တာကိုတော့ ဆံပင်ရှည်တဲ့ ပျိုမေတိုင်း တစ်ခါမဟုတ်တစ်ခါ လုပ်ဖူးကြပါတယ်။ ခုနောက်ပိုင်း ကျစ်ဆံမြီးကို သေသေသပ်သပ်ကြီး ကျစ်မယ့်အစား ခုလို ကပိုကရိုကျစ်ရင်ကျစ် အဲ့လိုမဟုတ်ရင်တောင် ငါးရိုးကျစ် ကျစ်ဆံမြီး ကျစ်နည်းတွေလည်း ရှိတာမို့ စမ်းကြည့်လိုက်ပါလို့။


၅။သိပ်ခေါင်းရှုပ်မခံနိုင်တဲ့ ပျိုမေတွေအတွက် ဆံပင်အားလုံးကိုယူပြီး ကိုယ်သန်တဲ့ ဘယ်၊ ညာ တစ်ဘက်ဘက်မှာ ခုလို ကပိုကရိုစည်းပစ်လိုက်ရုံပါပဲ။ ကောက်သားပါတဲ့ဆံပင်၊ ဆံနွယ်ဆိုရင်တော့ ဒီလိုပုံစံနဲ့ ပိုလှပါတယ်။

Ref:luckymag.com

“ရွှေမြန်မာတို့သတိထားသင့်သည့် လူက လူကိုမျိုခြင်း”


“ဒီနေရာလေးမှာ မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုမည်” ဆိုတဲ့ ဆောင်ပုဒ်လေးကို အများနားလည် သဘောပေါက်အောင် အနည်း ငယ်လောက်ရှင်းပြချင်ပါတယ်။ လူတော်တော်များများ နားလည်ထား တာက “လူကို မြေက မျိုတယ်” လို့ဆိုလိုက်တာနဲ့ ဘုရားဟော ကျမ်းဂန်တွေ ထဲက ရှင်ဒေဝဒတ်ကြီး မြေမျိုခံရတာ၊ ဥပ္ပလဝဏ်ထေရီဝတ္ထုထဲက နန္ဒလုလင်မြေမျိုခံရတာ၊ နောက်ပြီး သုပ္ပဗုဒ္ဓဘုရင်ကြီး မြေမျိုခံရတာ စတဲ့ အကုသိုလ်ကံ ကြီးမားလို့ အရှင်လတ်လတ် မြေမျိုခံ ရတာကို ပြေးပြီး မြင်ကြ ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လည်း မိဘကို ပြစ်မှားလို့ အရှင်လတ်လတ် မြေမျို ခံရတဲ့ တကယ်ဖြစ်ရပ်မှန်တွေရှိခဲ့ပါတယ်။

ဒီနေရာလေးမှာ သိစေချင်တာက သက်ရှိထင်ရှားလူတစ်ဦးတစ်ယောက်ကို အရှင်လတ်လတ် မြေမျို မှ မြေမျိုတယ်လို့ ခေါ်တာမဟုတ်ပါဘူး။ အသက်ဝိညာဉ်ချုပ်နေတဲ့ သူသေအလောင်းကောင်ကို တွင်းတူးပြီး မြေကြီး ထဲ မြှပ်ပစ်လိုက်တာဟာလည်း မြေကြီးက လူကိုအကောင်လိုက် မျိုလိုက် တာပါပဲ။ ဒီလို ကမ္ဘာနှင့်အဝှမ်း နှစ်စဉ် တစ်နေ့တစ်နေ့ လူတွေကို မြေကြီးက ဝါးမျိုလာလိုက်တာ ဂဏန်းသင်္ချာ ရေ တွက်ပြဖို့ရာပင် မစွမ်းနိုင်လောက်တဲ့ အထိ ရှိခဲ့ပါပြီ။

ဒါပေမယ့် မြေကြီးက မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ လူတွေကို မျိုသွားလို့ ဘယ်လူမျိုးတွေတော့ မျိုးပြုတ်သွားပြီ၊ ဘယ် ဘာသာဝင်တွေတော့ မျိုးတုံး ပျောက်ကွယ်သွားပြီလို့ မရှိခဲ့ ပါဘူး။ မြေကြီး ကတော့ ယခင်ကလည်းသူသေကောင်တွေ မျိုလာခဲ့သလို နောင်နှစ်ပေါင်း များစွာ တိုင်အောင်လည်း မျိုနေဦးမှာပါပဲ။

နောက်ပြီး ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြောပါဦးမယ်။ ကမ္ဘာ့လူသတ်ကောင်လို့ နာမည်ဆိုး နဲ့ ကျော်ကြားခဲ့တဲ့ စစ်အာဏာရှင် ဟစ်တလာဟာ သန်းပေါင်းများစွာသော ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်မှ မျိုးတုံးပျောက်ကွယ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက် ကွယ် သွားခြင်းမရှိတဲ့အပြင် ဂျူးလူမျိုးတွေ ဟာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံကိုတောင် ထူတောင်နိုင် ခဲ့ကြပါသေး တယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြောလိုရင်းကတော့ လူမျိုးတစ်မျိုးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့်   ပျောက်ကွယ် သွားတယ်ဆို တာမျိုးလည်း မရှိခဲ့သလို၊ မြေက မျိုလို့ မျိုးတုံးသွားတယ်ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လူက လူကိုမျိုလို့ မျိုးတုံးပျောက်ကွယ်သွားခဲ့ဖူးတဲ့ လူမျိုးတွေကတော့ ကမ္ဘာမှာ ထင်ထင်ရှားရှား များစွာမှ ရှိခဲ့ကြပါတယ်။

ဒီနေရာလေးမှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ သင်္ကေတကို ဘာသာ တရားနဲ့ပဲ တိုင်းတာပြချင်ပါတယ်။ လူတွေရဲ့ သင်္ကေတကို ဘာသာတရားနဲ့ ဘာလို့တိုင်းတာပြရတာလဲလို့ဆိုရင် လူတွေဟာ များသောအားဖြင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာတရားတစ်ခုခု ရှိနေကြလို့ပါပဲ။

(ဘာသာမဲ့ဆိုတဲ့သူလူတွေ ရှိနေကြပေမယ့် ဘာသာတစ်ခုခုကို ယုံကြည်နေတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လွန်စွာမှ နည်းပါးလွန်း လှပါတယ်။)

ဥပမာပြောရရင် မြန်မာနိုင်ငံလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေ ထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ကိုလည်း ကမ္ဘာကအသိအမှတ်ပြုထားကြပါတယ်။ တစ်ချိန်က အင်ဒိုနီးရှား နိုင်ငံဟာလည်း ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ထင်ရှားခဲ့ပါတယ်။

ယနေ့အချိန်ထိလည်း ဘယ်လိုမှငြင်းပယ်လို့မရနိုင်တဲ့ သက်သေအထောက် အထားတွေ ရှိနေတုန်းပါပဲ။ အဲဒီလိုပါပဲ ပါကစ္စတန်နိုင်ငံ ၊ အာဖဂန် နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေဟာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝင် အများဆုံး နေထိုင်ရာ နိုင်ငံတော်အဖြစ် ရှိခဲ့ကြပါတယ်။ ဗုဒ္ဓဘသာာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်း အထောက်အထားတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ဟာ ယနေ့အချိန်ထိ အဲဒီနိုင်ငံတွေမှာ အထင်အရှားရှိနေ ကြတုန်းပါပဲ။

ယနေ့အချိန်မှာတော့ အဲဒီနိုင်ငံတွေမှာ နေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေ ၊ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်တွေ ရှိကြသေးရဲ့လားလို့ဆိုရင် အဖြေကတော့ မူးလို့တောင် ရှူစရာမရှိတော့ဘူးလို့ ဖြေရမှာ ပါပဲ။ ဒါဆိုရင် ဒီဗုဒ္ဓဘာသာဝင်လူမျိုးတွေ ဗုဒ္ဓဘာသာဝင်မျိုးဆက်တွေ ဘယ်ရောက် သွားကြကုန်ပါသလဲ ၊ မြေကြီးက မျိုလို့ ပျောက်သွားကုန်ကြတာလား၊ ဒါမှမဟုတ် အခြားဘာသာဝင်လူမျိုးတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် မှုတွေကြောင့် ပျောက်ချင်းမလှပျောက်သွားကြကုန်တာလား။

အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြေကမျိုလို့ မျိုးပြုတ်သွားခဲ့ကြတာ မဟုတ်ဘူး။ “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ထဲက စကားလို လူကလူကိုမြိုလို့ အားလုံးမျိုး တုံးပျောက်ကွယ်သွား ခဲ့ကြတာဖြစ်ပါတယ်။

အားလုံးသတိထားစရာအချက်များပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဖိုးပညော(သပိတ်ကျင်း)၏
စာအုပ်ကောင်းလေးတစ်အုပ်မှ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ချစ်သူများနေ့ အကြိုလက်ဆောင် (FEB14အတွက်သတိထားစရာများ

နည်းနည်း၇ိုင်းသွား၇င်လည်းသည်းခံဖတ်ပေးစေချင်ပါတယ်။
 အားလုံးစောင့်နေကျတဲ့ ချစ်သူများနေ့ ဖေဖော်ဝါ၇ီ ၁၄ လည်းနီးလာ
ပြီဗျ။ချစ်တဲ့သူစုံတွဲတွေလည်း အစီစဉ်တွေဆွဲကုန်ကြပြီ ။တချို့ကလက်
ဆောင်ပေးဖို့ပြင်တဲ့သူလည်းပြင်ပေါ့ဗျာ ။ ဒါပေမဲ့သူတို့တွေထက်အကွက်
ကျကျပြင်ဆင်နေတဲ့သူတွေလည်း၇ှိသေးတာ မိန်းကလေးတွေကိုသိစေ
ချင်တယ်။ တခြားသူတွေတော့မပာုတ်ပါဘူး လူလည်ယောကျာ်းဘသား
တွေအတွက်မိန်းမပျိုတို့ဘ၀ကိုဖျက်စီးဖို့အကြောင်းပြချက်အကောင်းဆုံး
နေ့ကချစ်သူများနေ့ဖြစ်နေလို့ပါပဲ။ အ၇ွယ်မေ၇ာက်သေးသူများကော
အ၇ွယ်ေ၇ာက်ခါစအပျိုပေါက်များကိုကံမကောင်းအကြောင်းမလှခဲ့၇င်ဒင်း
တို့၇ဲ့ထောင်ချောက်ထဲလှလှကြီးဝင်သွားပါလိမ့်မယ်။
အဆိုးဆုံးကအခုမှ၇ည်စားစထားပြီ "ကိုကိုသာမီးတို့ဘ၀"လို့အပာုတ်ကြီး
မှတ်နေကြတယ် ၁၄၊၁၆၊၁၈ အ၇ွယ်တွေအဆိုးဆုံးပေါ့ဗျာ။ ဒင်းတို့ကလည်း
အပြောကောင်းသလိုလက်ကလည်းသွက်ကြသကိုးဗျ ။တစ်ချို့ကြတော့
တော်ကီအားကိုးကျသလိုပိုသေချာအောင်နည်းပညာတွေသုံးလာကျတယ်ဗျ။
ပုံမှာပြထားသလိုပါပဲ ဖေဖော်ဝါ၇ီ ၁၄ မှာ ကော်ဖီသောက်၇င်တောင်သတိထား
သောက်ပါဗျာ ။အဲ့ဒီကော်ဖီကအဆိုးဆုံးပဲဗျ ၊ဘာလို့လဲဆိုတော့ ကော်ဖီကထိ
ေ၇ာက်မူအ၇ှိဆုံးပါပဲ။ ကော်ဖီဆိုတာမျိုးကလည်းလူ့ထဲကတန်းဝင်ပြီးအနံ့ပြင်း
တဲ့အ၇ည်တစ်မျိုးဆိုတော့အဲ့ဒါကိုအပူဆေးနဲ့ေ၇ာပြီးမိန်းကလေးတစ်ယောက်
ကိုတိုက်လိုက်၇င်ချင်ခြင်းအာ၇ုံကြောထဲအထိနိုးဆွတော့တာပဲဗျာ ။ တော်ယုံ
တန်ယုံစိတ်ထိန်းနိင်တဲ့မိန်းမတောင် အ၇ည်တောက်တောက်ကျတယ်ဆိုတာ
တော့ယုံလိုက်ဗျာ(၇ိုင်းသွား၇င်ခွင့်လွတ်ပေးကြပါဒီလိုေ၇းမှာကလေးမတွေနား
လည်းမှာပါ ) အဲ့ဒီအချိန်မှာသာ ကိုကိုမောင်တို့ လက်ကစားပြီးနှုတ်ခမ်းလေး
နဲ့ကစားလိုက်လို့ကတော့ ပွဲသိမ်းပြီပေါ့ဗျာ ။ ကိုယ်ကအဲ့ဒီဆေးဝင်သွားတဲ့အချိန်
မှာမိန်မသားကိုယ်တိုင်ကတောင်စနိင်ပါတယ် ၇ှက်စိတ်လုံးဝပျောက်သွားပြီလေ။
နောက်တစ်မျိုးဆိုးတာကတော့အအေးတစ်ခုခုပါပဲ ။အအေးဆိုလို့ေ၇တောင်ပါ
တယ်ဗျာ (pH7) တောင်မလွတ်ဘူး။နောက်ပိုင်းလာတဲ့ဆေးတွေကပိုတောင်မြင့်
လာသေးတယ်။ အနံမ၇ှိဘူး၊အေ၇ာင်မထွက်ဘူးလုံးဝမသိသာဘူး။ ၁လီတာဘူး
လောက်ကိုတစ်စက်ချ၇ုံနဲ့တင်တော်တော်ခ၇ီးပေါက်ပါတယ်။ အမိတို့ယုံမလားတော့
မသိဘူး အဲ့ဒီဆေးတစ်ဘူးမှအကောင်းစားတောင် ၄၅၀၀ ကျပ်ပဲပေး၇ပါတယ်။သုံး
၇င်တစ်စက်ပဲသုံး၇တာဆိုတော့ တစ်ဘူးဆိုလိုသလိုစိတ်ကြိုက်သုံးနိင်ပါတယ်။
တော်၇ုံတန်၇ုံဆေးဆိုင်းတွေမှာပေါ်တင်ဝယ်နိင်ပါတယ်တဲ့ဗျာ။ နောက်အဆိုးဆုံး
ကတော့ ပီကယ်လ်(ပူ၇ှိန်း)တွေပါပဲ။ သူဆို၇င်ပိုတောင်ဆိုးပါသေးတယ် တစ်ကဒ်
မှ ၅၀၀ကျပ်ပဲပေး၇ပါတယ် ၅၀၀တန်တစ်ကဒ်မှာ ၄လုံးပါပါတယ် ၂လုံးလောက်သာ
ဝင်သွား၇င်တော့ကိုယ့်အပျိုစင်ဘ၀ကိုအမျှသာဝေလိုက်ပါတော့။ ပီကယ်နဲ့ပူ၇ှိန်းခါ
ကျတော့ Feel ဆေးမပာုတ်ပါဘူး သူကလူကိုလွတ်သွားအောင်လုပ်လိုက်တာပါ။
အဲ့ဒီပာာတွေစားပြီး၇င်လူကလှုပ်ချင်စိတ်မ၇ှိတော့ပါဘူး ။ခေါင်းအ၇မ်းလေးလာပြီ
တွေ့၇ာနေ၇ာမှီစ၇ာ၇ှာလာတဲ့အထိအာ၇ုံကြောကိုနှိုးဆွပေးပါတယ်။ တစ်ခုခုဖြစ်လာ
၇င်လည်းကြောင်နေပြီးလုံးဝကြီးကိုလွတ်သွားတတ်ပါတယ် ။အဲ့ဒီအချိန်တွင်းကို
ကိုကို တို့ မောင် တို့သာ လှုပ်၇ှားသွား၇င်ပါလို့ပါသွားမှန်တောင်သိတော့မှာမပာုတ်ပါ
ဘူး ။ပြီး၇င်တော့ အဲ့ဒီဆေးကကိုယ်စားလိုက်မိပြီဆိုတာအ၇မ်းသိသာပါတယ်၊ခေါင်
တွေထိုးပြီးကိုက်လာတတ်လို့ပါပဲ၊ ကဲ....အမိတို့အပျိုပေါက်လေးတို့ေ၇ဒီလောက်ဆို
ကျွန်တော်ပို့စ်က အနည်းကျဉ်းတော့သတိထားနိင်ဖို့ အသိပေး၇ာေ၇ာက်မယ်လို့
မျှော်လင့်ပါတယ်ဗျာ ။ တစ်ခြားဆေးတွေလည်းအများကြီး၇ှိပါသေးတယ် ။အခုကျွန်
တော်ဖော်ပြပေးလိုက်တဲ့ဆေးတွေကတော့ လွယ်လွယ်ကူကူ၇ပြီးတွင်တွင်ကျယ်ကျယ်
သုံးနေတဲ့ဆေးတွေမို့ဖော်ပြပေးလိုက်တာပါ။
ကဲ.........ချစ်သူများနေ့ကို အမည်းစက်တွေမစွန်းထင်ပဲ ဖြူဖြူစင်စင်ဖြတ်သန်းလိုက်ကြရအောင်...

တွေးမိတိုင်းမမေ့..ချစ်သူအတွက် ချစ်သူများနေ့


ရှင်းသန့်တဲ့ အချစ်မျက်နှာကလေးကို စေ့စေ့ငေး

ကြည်လင်ရောင်အနီသွေး..၀ိုင်ချိုကတစ်ခွက်..
တမ်းတမိ..ဘ၀အတွက်..
အချစ်နဲ့ဆက်..အသက်ရှင်စေ။

ကြည်မျက်ဝန်းနဲ ချိုမျက်နှာထား.
ရှက်အပြုံးကလေးများ မစွင့်တစွင့်.
ဗာလင်တိုင်း နှင်းဆီပွင့်တွေကြားမှာ
လှ၇က်အားပါပေ့ ..သက်လျှာ

နွေးထွေးတဲ့..လက်များ..
သွယ်ယှက်ပွေ့ ကာ..ဖက်
အကြင်နာရေစဉ်.တစ်စက်နဲ့..
အနာဂတ်တံခါးပေါက်..အဖွင့်
သတ္တိစွမ်းအင်မဟာ.တိုးပွား..
ချစ်သူရဲ့ရင်ခွင်ကြား..မှာ။

ကြည်ပြာရီရီ...ချစ်အိမ်မက်ညကလေး
ဇာခြည်သွေး..လွင့်လွင့်..
ဆောင်းနှင်းငွေ့ မြူကန့်လန့်လာ
ဂစ်တာတီးရင်း သီချင်းဆိုကြ..

လောင်နေတဲ့ မီးထင်းပုံ ကလေးရဲ့.နံဘေး
မရေးတရေးလေး..မင်းရဲ့ အကြည့်
ခုထိလေ. ရင်ခုန်မိနေဆဲ..
2013 ရဲ့ ဗာလင်တိုင်းည.
ရင်မှာ..မနေ့က..လိုလို..
ဒီနှစ်ခါလည်း..လာလည်စေလို။

ချစ်လို့.........



အချစ်ဆိုတာကို…..မယုံရဲဘူး…လို့ဖြစ်သွားအောင်..
ငါ……..ဘာများလုပ်ခဲ့မိသလဲ ငါဆိုတာ….မင်းရဲ့ Daily life ထဲမှာမဟုတ်ရင်တောင်…
သမိုင်းထဲက……….character တခုလောက်တော့…
အကျုံးဝင်လိမ့်ဦးမယ်လို့….ထင်ထားတာ……..။
ငါထင်ထားတာတွေက…အမြဲလွဲနေလိမ့်မယ်လို့..
ငါ…ဘယ်ထင်ထားမှာလဲ
ထင်ထားတာတွေ..မဖြစ်လာပေမယ့်…
မထင်ထားတာတွေ…ဆက်တိုက်ဖြစ်နေတယ်…။
ထင်မထားတာတွေကို…..ထင်လိုက်ပြန်တော့…
မထင်ပဲထားလိုက်တာတွေက………ဖြစ်လာပြန်တယ်…။
ဦးနှောက်ဟာ….ဘယ်တော့မှ….ဗလာဖြစ်မနေဘူး…ဆိုတဲ့စကားရှိတယ်.
ဦးနှောက်ဟာ..အကြောင်းအရာတခုမဟုတ်…တခုကို…
အမြဲ….တွေးတောနေလေ့ရှိတယ်…။
ဒါပေမယ့်…..ဦးနှောက်က…တွေးနေတဲ့အရာကို…
စိတ်က….မဖတ်နိုင်ပဲ………..အရှုပ်လိုက်အထွေးလိုက်…
အပြုံအခဲလိုက်ရှိနေတဲ့……..အတွေးစုကြီးထဲက…
ဘာကို…ရွေးတွေးလို့….တွေးရမှန်းမသိပဲ…………..။
အဲ့ဒီ့အထွေးကြီးတခုလုံးသယ်ပိုးပြီး…….
မှုန်တေတေနဲ့………..နံနက်ခင်းကို…..ဆွဲဖွင့်လိုက်တယ်…။
နံနက်ခင်းက…ဘယ်လိုကြီးဖြစ်နေလဲလို့…တွေးလို့မရဘူး…။
ဘာကိုမှစဉ်းစားမနေတာတော့မဟုတ်ဘူး…။
တခုခုကို..စဉ်းစားဖို့…တိုးဝင်ရင်း…တိုးဝင်ရင်း…….
အမှောင်က….ငါအပါအ၀င်…တလောကလုံးကို….ချည်နှောင်ထုပ်ပိုးပြီး…
မနက်ဖြန်အတွက်ဆိုက်မယ့်…ရထားဘူတာဝမှာ…ချိတ်ထားတယ်ထင်ပါရဲ့………။
အသံဗလံတွေဆူညံနေပေမယ့်…ဘာကိုမှသဲသဲကွဲကွဲ…ဝေခွဲလို့မရပဲ…
ပြက္ခဒိန်က…နံပါတ်နောက်တစ်ခုက….ထပ်ပြီး..အဓိပ္ပါယ်မယ့်သွားပြန်ပြီလေ…။
ငါထပ်လှမ်းမယ့်ခြေလှမ်းက….မင်းဆီကိုလား??
မင်းနဲ့ဝေးရာကိုလားဆိုတာ….ငါကိုယ်တိုင်..မသိတော့ပေမယ့်…….
ငါ….ဆက်လှမ်းနေရဦးမှာလေ……….။
ဒါက……ငါ့တာဝန်ပေါ့…။

သံတော်ဆင့်ဖတ်စာထဲမှ တစ်ခု

 ***သမ္မတကြီးက
အရက်တွေသိပ်မသောက်ပါနဲ့တဲ့
အားလုံးလက်ခုပ်တီးကြပါ ။
တစ်ပြည်လုံး နွားနို့သောက်ကြဖို့
ဆော်သြနေရသည်ဆိုပဲ
ကဲ.....အားလုံးလက်ခုပ်တီးကြပါအုံး ။
လက်ညောင်းသွားသလား
ဘီယာလေးသောက်ပြီး အမောဖြေတာပေါ့
အပြင်းကြိုက်သူများလည်း မပူနဲ့
မျက်စိမှိတ် လက်ညှိုးထိုးလိုက်
အဲဒီနေရာ အရက်ဆိုင်ရှိကိုရှိ၏
မြန်မာဘီယာလည်း မြန်မာပြည်အနှံ့ရ၏
အမြည်းလေးစားလိုက်
အယ်ကိုဟောလေး ကျိုက်လိုက်
သမ္မတကြီးစကား ဆွေးနွေးလိုက်
အရက်တွေ သိပ်မသောက်နဲ့တဲ့ ။
***နွားများ နိုင်ငံခြားခရီး သွားကြသည်
ပတ်စ်ပို့ ဗီဇာ သူတို့မလိုပါ
အောက်လမ်းက ဂိုးကြသည်ဆိုပဲ
၇၀၀ နဲ့ ၁၀၀၀ ကြား
နေ့တိုင်းလမ်းလျှောက်သွား၏
အ၀ယ်တော်များ ဒိုးတူဒိုး ၀န်ဆောင်သတဲ့
တောင်သူများလည်းအဆင်ပြေ
(အရက်သောက်ရတာပေါ့)
အ၀ယ်တော်လည်း အိုကေ
လိုင်းကြေးသမားလည်း စိုပြေ
ညကအပန်းဖြေ
အမြည်းလေးစားလိုက်
အယ်ကိုဟောလေး ကျိုက်လိုက်
သမ္မတကြီးစကား ဆွေးနွေးလိုက်
တစ်ပြည်လုံး နွားနို့သောက်တဲ့ ။
****သေနတ်ကိုင်တဲ့ လက်များ
ကွန်ပျူတာ ကိုင်စေချင်သတဲ့
ဤသို့ဖြင့် စီးပွားရေးသမား
ကွန်ပျူတာများ သိုလှောင်ထား
နောက်ဆုံးအဖြေ လင်မယားစကားများ
ရှင်  ညံ့လှချည်လားတဲ့ ။
****၂၀၁၄ ဒီရာသီ
၂၄ နာရီ လုံးလုံး
ရန်ကုန်မြို့ ကျွတ်
လျှပ်စစ်မီး ရမည်ဆိုပဲ
ခံရပေါင်းများသော စီးပွားရေးသမား
မီးစက်များ သိုလှောင်ထား
အင်ဗာတာများ ဈေးကစား ။
*****ဘာဆိုဘာမှ ကြိုမတွေးနဲ့
ဘယ်နေရာရောက်ရောက်
ဘာကိစ္စဖြစ်ဖြစ်
ကြားကောင်းအောင်ပြောကွာ
ကြည့်ကောင်းအောင်စီစဉ်ထား
ကြုံသလိုသာ လုပ်ပစ်လိုက်
ကျန်တာနောက်မှ ကြည့်ရှင်းတာပေါ့
အဲဒီလိုနဲ့ဘဲ ကျော်ခဲ့ဖြတ်ခဲ့တာ
အံကိုတိုနေပြီ ။
****တရားဥပဒေ ခြစားနေပြီတဲ့
အော်တဲ့ ဟစ်တဲ့သူတွေ
ခုတော့ ဘာတတ်နိုင်သေးလဲ
မြောက်ဥက္ကလာ တရားရုံး
မီးစားသွားပြီ
အမှားအမှန်တွေ မျှတမှုတွေ
ဥပဒေအောက်တွေ
အထက်တွေ
အကုန်ပြာဖြစ် ။
****၂၀၁၄  နှစ်ဦးကတော့
တပ်တွေ တရားရုံးတွေ
မီးလောင်
နိုင်ငံတော်တော့
မလောင်စေနဲ့
မြန်မာ့ နွေဦး
ဂျီသြမေတြီ တွက်သလိုပဲ
ပေးထားချက်တွေနဲ့ မလွဲစေနဲ့
အဲတော့မှအဖြေထွက်မယ် ။    ။
ထွက်တဲ့အဖြေ
အဘ ကြိုက်မှ ဖြစ်မယ်နော်  ။    ။


 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing