Tuesday, 14 May 2013

တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ

သေချာစဉ်းစားကြည့်လေ လူမျိုးတစ်မျိုးအတွက် ဇာတိမာန်ဟာ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်လွင်လေပဲဗျ။လူတစ်ဦးချင်းစီအတွက်တော့ ဇာတိပုညဂုဏ်မာန ဆိုပါတော့ဗျာ။
          ဒါကြောင့်ဖြစ်မယ်ဗျ ။အမေရိကန်ပြည်ထောင်စုကြီးက  အမေရိကန်နိုင်ငံသားတစ်ယောကကို
ထိပါးရင် သူ့တိုင်းပြည်ကို ရန်စတာလို့ ယူဆသကိုး။အံမယ် အခုဆို တရုတ်တွေတောင် အမေရိကန်လေသံ
လိုက်လာတာ ခင်ဗျား သတိပြုမိမှာပါ။ထိုနည်းအတူ ကျုပ်တို့အစိုးရမင်းတွေလည်း မညံ့ကြပေဘူး။အမျိုးဂုဏ်
ဇာတိဂုဏ်မြင့်မားရေး ၊ဘာညာ ဘာညာဆိုပြီး ပုံနှိပ်စာအုပ်တိုင်းရဲ့ရှေ့ဆုံးစာမျက်နှာတွေမှာ ဝေဝေဆာဆာ ဖော်ပြ
ပေးနေတာပါပဲ ။အမှန်တော့အစိုးရမင်းများရဲ့ စေတနာဟာ ပရမတ်ဆိုက်အောင်စဉ်းစားနိုင်လေပေါ်လွင်လေလို့ဆို
ရမယ်ဗျ ။
          ကြည့်လေ ဖယောင်းတိုင်ထွန်းပြီးနေခိုင်းတာတို့ ၊ထမင်းတနပ်လျှေ့စားခိုင်းတာတို့ဟာ ရှုတတ်၊ မြင်တတ်၊ခံစားကျင့်ကြံတတ်ရင် ဂုဏ်တတ်စရာပဲဗျ။အနောက်နိုင်ငံတွေမှာ ဖယောင်းတိုင်ထွန်းပြီး ညစာစားဖို့ဆိုတာ တကူးတကစီစဉ်တာမဟုတ်လား။ ဟောကျုပ်တို့ဆီမှာ အဆင်သင့်ဗျာ။ခင်ဗျား ရှစ်ပါးသီ
လ၊ကိုးပါးသီလလေးစောင့်ထိန်းလိုက်ရင်  ညစာကိုစ္စဟာလည်း ဘာဝနာတစ်မျိုးပေပဲလေ။အိမ်တိုင်း ဖယောင်း
တိုင်ကိုယ်စီနဲ့ ညစာစားနိုင်တဲ့လူမျိုး ၊ သီလကို တိုင်းခြားသား ဘာသာခြားတွေထက်ထူးထူးကဲကဲ စောင့်ထိန်းနိုင်
တဲ့လူမျိုး ဖြစ်လာရင် ခင်ဗျားတို့ ၊ကျုပ်တို့ အမျိုးဂုဏ် ဇာတိဂုဏ်မတက်ပေဘူးလား…….။

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing