Wednesday, 28 November 2012

တန်ဆောင်မုန်းလပြည့်နေ့ ဓမ္မလက်ဆောင်

 မေတ္တာပို့ လေးကို နာယူနိုင်ရန် ဓမ္မ လက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ်
                  ဒီမှာ      နာယူနိုင်ပါတယ်
 
သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ ၊ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါသဖြင့် ဥပုသ်သီတင်းသီလ စောင့်ထိန်းနိုင်ပါရန် နိဗ္ဗာန် အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ။
ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကြီးဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်နေပါပြီ ။ ဒီပုံအတိုင်းသာ ဆက်သွားရင် သာသနာ လည်းကွယ်တော့မယ်။ လူမျိုးလည်းပျောက်တော့မယ်။ ဒါဟာ  သူများသောက်တဲ့ မိုးခါးရေကို လိုက်သောက်နေကြတဲ့ ကျနော်တို့တွေရဲ့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ အကြောင်းတရားကြောင့်လည်း အများကြီးပါတယ်ဆိုတာ သတိရစေချင်ပါတယ် ။ သီလ မလုံတော့ သမာဓိ မတည်တော့ဘူး ၊ သမာဓိမတည်တော့ စိတ်မှာ ခွန်အားမရှိကြတော့ဘူးပေါ့ ။ စိတ်ဓတ်ခွန်အားတွေ နည်းပါးနေ ကြလို့ အကောင်းအဆိုး အမှား အမှန်ကိုတောင် မခွဲခြားနိုင်ကြတော့ဘူး။ ပညာမရှိတော့ လွတ်မြောက်ခြင်း ဆိုတဲ့လမ်းစဉ်ကို ရှာမတွေ့နိုင်တော့ဘူးပေါ့
ဒို့တွေမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက် အဆုံးအမတွေ ရှိနေပါလျှက်နဲ့ လွတ်မြောက်ရာ လမ်းစဉ်ကို ရှာမတွေ့နိုင်တာဟာ
သစ္စာဆိုတဲ့ ဓမ္မအမှန်တရားကို မေ့ထားကြလို့ပါဘဲ ။ ဒါကြောင့် ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာ တတ်နိုင်သလောက် အချိန်လေးကိုသီလ ၊ သမာဓိ ၊ ပညာ သိက္ခာသုံးရပ်နဲ့ပြည့်စုံအောင် နေထိုင်နိုင်ရန် ဓမ္မလက်ဆောင် များ ပေးလှူလိုက်ပါတယ်ခင်ဗျာ ။
” ငါသည် မုချ သေရမည် ၊ အချိန်ပိုင်းသာ လိုတော့သည် ”
” အူမတောင့်အောင် သီလစောင့်ကြရအောင် “
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ *
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing