Sunday, 15 September 2013
ဘယ်လိုခေါင်းစဉ်တပ်ကြမလဲ
@    သူရဦးရွှေမန်း၏ ထားဝယ်ခရီးစဉ်
      တောင်သူကြီးများအားတက်ရသည်ပေါ့
     ဓားမဦးချ လယ်သမားများ
     နစ်နာရကြောင်း သူ ထောက်ပြသည် ။
     ပြေလည်အောင်ဖြေရှင်းပေးဖို့
     လူကြီးမင်းများလက်ခုပ်တီးကြပါ
     ထားဝယ်ပြီးရင်
     ဧရာဝတီတိုင်း ခရီးစဉ် သွားစေချင်၏ ။
     အဲဒီက ဓားမဦးချများကို
     ကယ်မတော်မူပါဦး...
-@    ရွှေပြည်သာ ၃ လောင်းပြိုင် လူသတ်မှူ
     ရဲတပ်ဖွဲ့အား ဂုဏ်ပြု
     ဖြစ်ရပ်မှန် ရိုက်နေသည်တဲ့
     ပြည်သူ့ ရဲများ အားကိုးလောက်သည်ပေါ့
     Canon ရွှေမြန်မာက လည်း ဂုဏ်ပြုချင်သည်ပေါ့
      ချစ်လူဆိုး က ကိုယ်တိုင် ဒါရိုက်တာလုပ်မည်။
     စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှု
     ရိုက်ပါရစေလား။
     Canon ရွှေမြန်မာ အဖွဲ့သားများ
     ပါဝင် သရုပ်ဆောင်ကြမည်သာ.....
 -@    Facebook ပရိတ်သတ်ကြီးရေ
     အစားအသောက်သတိထား
    Tv မှာ R ဇာနည် သောက်ပြတာ
     Rocker  အားဖြည့်အချိုရည်
     မှတ်ပုံတင်မထားဘူး ဆိုပါကလား
     အံ့သြလောက်ပါပေရဲ့ ဗျာ.....
     ခုတော့ နေပြည်တော်မှာ
     သိမ်းဟယ် ဆည်းဟယ်
     စစ်ဟယ် ဆေးဟယ် လုပ်နေကြပြီပေါ့။
     မှတ်ပုံတင်မထားသည့် အားဖြည့်အချိုရည်
     ကြော်ငြာခွင့်ပေးတာကို လည်း
     စစ်ဆေးကြပါအုံးတော့လား။
-@    အမျိုးချစ်သည့် ကိုရွှေမြန်မာများ
     ခင့်ဝင့်ဝါလေးကို Vote ကြသည်မှာ
    လက်ဖျားခါလောက်ပါပေတယ်...။
- @    ခွေးကိုဆဲသည်ကြောင့်
     မြန်မာလူငယ်လေးတစ်ဦး
     ခွေးရှင် ယိုးဒယားက
     ခွေးလောက်မှ ဇောက်မနက်
     သေနတ်နဲ့ပစ်သတ်ခဲ့ သည်တဲ့ ။
     မြန်မာလူမျိုးအား
     ခွေးလောက်မှ တန်ဘိုးမထားသည်လား
     Vote ခဲ့ကြသည့် လက်တွေလည်း
     ငြိမ်နေကြသည်ပေါ့
     အမျိုးကိုချစ်တဲ့ စိတ်သာလျှင်
     အကောင်းဆုံးခြံစည်းရိုး
     ဖြစ်ပါတော့သည်......
မူရင်း.....သံတော်ဆင့်
No comments:
Post a Comment
 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing