ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ
မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ်ယောက် မလွင်လွင်ထွေးနှင့်
.............(အမည်မဖေါ်လိုပါ - လုံခြုံရေးအရ) တို့ မဲဆောက်ဈေး၌
ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃)ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ စကားများ၍
ညီမဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ စူဖူးက
သွေးဆောင်ဖျားပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့်လိုက်ကြောင်း သိရသည်။
“ ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေကြတာပါ။
ကျမတို့မှာ ဒီနေရာမှာ မိဘတွေလည်းမရှိပါဘူး။ ညီအစ်မနှစ်ယောက်တည်းနေကြတာ။
အဲဒီနေ့က ၁၃ ရက်ပေါ့နော် ကျမတို့ ညီအစ်မှနှစ်ယောက် စကားများကြတယ်။ ညီမကတော့
စိတ်ဆိုးလို့ အပြင်ထွက်သွားပါတယ်။ ကျမထင်တာက အိမ်ကိုသွားတယ်လို့ ထင်ခဲ့တာ။
ညနေရောက်တော့ အိမ်ကိုလည်းမရောက်ဘူး။ ကျမလည်း လန့်သွားတာပဲ။
သေချာစုံစမ်းလိုက်မှ အဲဒီကုလား စူဖူးဆီမှာ ဖြစ်နေတယ်။
ကျမအရမ်းစိုးရိမ်ပါတယ်။ သူတို့က ဘင်္ဂလီကုလားဆိုတော့ ကျမညီမကို
သတ်ပစ်လိုက်မှာကို ကြောက်တယ်။ အဲဒီဘင်္ဂလီတွေမှာ လူတစ်ယောက်ကို
သတ်ဖို့သိပ်ဝန်လေးတာမဟုတ်ဘူး။ နောက်ပြီးတော့ သူမှာက မယားကြီးရှိတယ်။
ကျမညီမကို မယားငယ်အဖြစ်ယူပြီး နှိပ်စက်မှာ ကျမအမတစ်ယောက်အနေနဲ့
အရမ်းစိုးရိမ်ပါတယ်။ ကျမတို့ကို ကူညီပေးကြပါ။ ကျမတို့ညီအစ်မနှစ်ယောက်
ပြန်လည်ဆုံစည်းဖို့ လုပ်ပေးကြပါ။ ” ဟု အစ်မဖြစ်သူက(အမည်မဖေါ်လိုပါ) ပြောသည်။
သွေးဆောင်ဖျားယောင်းမှုကို ခံရသူ မလွင်လွင်ထွေးညီအစ်မနှစ်ယောက်မှာ
အဲဒီဘင်္ဂလီကုလား စူဖူးနှင့် ရင်းနှီးကြပြီး ဖြစ်သည့်အတွက် စိတ်ဆိုးသွားတာကို
အခွင့်ကောင်းယူ၍ အိမ်ကို အလည်ခေါ်ကာ သွေးဆောင်ဖျားယောင်းပြီး သားမယားအဖြစ်
ပြုကျင့်လိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလီ စူဖူးမှာ ကျောက်အရောင်းအဝယ်လုပ်ငန်းကို
လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းကိုလည်း သိရသည်။ စူဖူးမယားကြီး အဖေအမေတွေက
အစ်မဖြစ်သူကို ရန်ရှာလာသောကြောင့် ဆွယ်မျိုးရှာ မြဝတီသို့
ထွက်ပြေးလာရကြောင်း အစ်မဖြစ်သူက ပြောသည်။
မလွင်လွင်ထွေးနှင့် ဘင်္ဂလီ စူဖူးတို့မှာ မဲဆောက်ဈေးနားမှာ နေကြသည်ကို
သိရပြီး အခုထက်ထိ အဆက်အသွယ်မရသောကြောင့် တွေ့သောသူများ အမြန်ဆုံး
ဆက်သွယ်ပေးပါရန် တောင်းဆိုလိုက်ကြောင်း အစ်မဖြစ်သူက ပြောသွားသည်။
မလွင်လွင်ထွေးကို တွေ့သောသူများ ပြောပေးကြပါ။ အစ်မဖြစ်သူကို
အမြန်ဆုံးဆက်သွယ်ပါလို့ ။ အစ်မဖြစ်သူက အရမ်းစိုးရိမ်နေပါတယ်။ ဒီစာကို
ဖတ်ပြီးသူတိုင်း မျှဝေပေးကြပါ။
Monday, 15 July 2013

Subscribe to:
Post Comments (Atom)
အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing
-
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် နည်းနည်းရွှီး မယ်နော် ဟီးးးးးးးးးးးး Zapya...
-
ဒီဟာလေးကတော့ Vzo ကနေ မြန်မာလိုချက်တင်ပို့ တာမြင်လို့ လိုက်ရှာကြည့်တာနဲ့  အမှတ်မထင်တွေ့ တာပါ အခုလို မြန်မာပြန်နဲ့ ရှိတာ အတော်လေး အဆင်ြေ...
-
Myanmar 3 Unicode Keyboard Layout Myanmar 3 Unicode System ကို ကျွန်တော်စမ်းသုံးကြည့်ခဲ့ပါတယ်။ ခက်မယ်လို့ ထင်နေရတဲ့ Myanmar 3 ကို သေချာ သုံ...
No comments:
Post a Comment