Monday, 18 March 2013

အများပိုင်ကုမ္ပဏီနှင့်…ရှယ်ယာဝင်ကြား…သတိထား…


အများပိုင်ကုမ္ပဏီများကအကျိုးအ မြတ်များခံစားနိုင်ရန် ရှယ်ယာများထည့် ၀င်ကြရန် ဖိတ်ခေါ်နေမှုများနေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြလာသည့် အတွက် ရှယ်ယာဝင်ပြည်သူများ နစ်နာ  မှုမရှိစေရန်နှင့်တာဝန်ရှိသူများကလည်း လုပ်သားပြည်သူများအား နစ်နာဆုံးရှုံး    မှုမရှိစေရန် သတိထားမိရန် စိတ်ရင်းစေတနာမှန်စွာဖြင့် ရည်ရွယ်တင်ပြအပ်ပါ သည်။
၂၀၀၂ခုနှစ်၊ဒီဇင်ဘာလခန့်က အတိုး ငွေများ မက်လောက်အောင်ပေး၍ စုငွေ  များလက်ခံသော ကုမ္ပဏီများစွာပေါ် ပေါက်ကာ လုပ်ငန်းများအား နာမည်ကြီး   သရုပ်ဆောင်များစွာဖြင့် ကြော်ငြာသည့်   အပြင်နိုင်ငံတော်အကြီးအကဲများကို ဖိတ်ခေါ်၍စက်ရုံအလုပ်ရုံဖွင့်ပွဲများပြုလုပ်ကာ၊ အပြိုင်အဆိုင်ကြော်ငြာကာ ငွေ တစ်ရာလျှင်လေးကျပ်မှရှစ်ကျပ်အထိ အတိုးငွေများအား မက်လောက်အောင် ပေး၍ဆွဲဆောင်ခဲ့ပါသည်။အာမခံချက်မရှိခြင်း၊စနစ်မကျခြင်းကြောင့် အကျိုး ဆောင်လုပ်ငန်းများ၊တစ်စတစ်စပြိုလဲလာ  ခဲ့သည်။ ဧရာမြေ၊လင်းသစ္စာ၊  Arrow၊သစ္စာပန်းခင်း၊သဘာဝ၊မဟာဓနံ၊ခိုင်မာလာ၊  ငွေဇုန်၊ဓနသီရိ၊ကောင်းစေရာ၊ပင်လုံထိပ် ထား၊မုဒိတာ၊လမင်းသဉ္ဇာအစရှိသော အကျိုးဆောင်ကုမ္ပဏီ(၂၀)ကျော်ခန့် လုပ်သားပြည်သူများ၊အငြိမ်းစားဝန်ထမ်း များ၊သက်ကြီးရွယ်အိုများ၊အလုပ်အကိုင်မလုပ်တတ်သူများ၏ စုဆောင်းငွေများ အား ပြန်လည်မထုတ်ပေးတော့သဖြင့် အတိုးလည်းမရ အရင်းလည်းဆုံးရှုံးသည့်   အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။
သက်ဆိုင်ရာကလည်း ကြားဝင်ဖြေ ရှင်းပေးမှု ထိရောက်အောင် မလုပ်နိုင်ခဲ့ သဖြင့် ပြည်သူလူထုမှာအထိနာခဲ့ပါသည်။   ထိုအတွက်ကြောင့် ဘဏ်များကိုလည်း အယုံအကြည်နည်းလာကာ၊အာရှဓနဘဏ်၊   မေဖလားဝါးဘဏ်အစရှိသော ဘဏ်ကြီး  များပင်ပြိုလဲမှုများမှာ ၂၀၀၃ခုနှစ် ဦးပိုင်  တွင်ဖြစ်ပေါ်လာခဲ့ရပါသည်။အကျိုးဆောင် များမှဖြစ်ခဲ့သော ဂယက်ကြောင့် စီးပွား    ပျက်သူများခဲ့ခြင်း၊ဘဏ်လုပ်ငန်းများပျက် စီးခဲ့ရခြင်း နိုင်ငံစီးပွားရေးကျဆင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။
ကုမ္ပဏီတစ်ခုပြိုလဲသွားလျှင် ယင်း  ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာ ထိ ခိုက်ပြီးဘဏ်တစ်ခုပြိုလဲသွားပါက ဘဏ်အစုရှယ်ယာများသာမက ပြည်သူတစ်ဦးချင်း၏ စီးပွားရေးကိုပါထိခိုက်ပြီး တိုင်း ပြည်၏စီးပွားရေးကိုပါထိခိုက်နိုင်ပါသည်။
တိုင်းတရားရုံး၊ခရိုင်တရားရုံး၊ပြည် နယ်တရားရုံးများတွင် အမှုစုစုပေါင်း ၃ သောင်းမှ၅သောင်းဝန်းကျင်ခန့်ထိ အမှု များဖောင်းပွနေသဖြင့် ၀ရမ်းကပ်ထား သော အမှုများ၊ပစ္စည်းရှာမတွေ့သော အမှုများအား တရားရုံးချုပ် ညွှန်ကြား ချက်(၄/၂၀၀၈)ထုတ်ပြန်၍ ခေတ္တပိတ် သိမ်းခိုင်းသဖြင့် အမှုထောင်ပေါင်းမြောက် မြားစွာပိတ်သိမ်းခဲ့ရပြီး အမှုများမပြီးပြတ် ခဲ့ပါ။ အနိုင်ဒီကရီသာရရှိပြီးဘာမှ ဖြစ် မလာသောကြောင့် တရားရုံးများကို ပြည်သူလူထုက အယုံအကြည်နည်းပါး လာခဲ့ပါသည်။
ကုမ္ပဏီများဘက်မှ ဥပဒေအရ အကာအကွယ်ယူ၍မိမိအကျိုးအတွက်    လုပ်ချင်သလိုလုပ်နေသောကြောင့် ပင်စင် သမားများ၊၀န်ထမ်းများနှင့်ပြည်သူများ နှစ်သိန်းငါးသောင်းကျော် သုံးသိန်းခန့် ကုမ္ပဏီများထံတွင်ငွေထည့်ဝင်ပြီး တရား စွဲဆိုသော်လည်း ဘာမှဖြစ်မလာခဲ့ပါ။ ကုမ္ပဏီပိုင်ပစ္စည်းများအားလည်း အာ ဏာပိုင်များအကူအညီဖြင့် ဖျောက်ဖျက်   နေကြောင်းသိရှိရပါသည်။
တရားစွဲဆိုရာတွင် အချိန်ကုန်၊ငွေ ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်းပြီးဆုံးရှုံးသွား သောငွေကြေးများပြန်လည်မရရှိဘဲ ရုံး စရိတ်၊ရှေ့နေစရိတ်များပါ ထပ်မံကုန်ကျ ခံရပါသည်။ကုမ္ပဏီပိုင်ရှင်များ ပြန်လည် ပေးဆပ်ခြင်းမပြုသဖြင့် လူဖမ်းဝရမ်းထုတ်  ဆင့်မှုများအားလည်း  ဆောင်ရွက်ခွင့်မရှိပါသောကြောင့် ကုမ္ပဏီအကျိုးဆောင် များမှ အသာစီးရနေပြီး ပြည်သူအများစု   မှာ နစ်နာပြီးနစ်နာနေရပါသည်။
၂၀၀၃ခုနှစ် ၂၀၁၃ခုနှစ်ထိ ဆယ်စု နှစ်တစ်ခုအထိ တရားရုံးများတွင် ယင်း အမှုများ မပြီးပြတ်ဘဲ ထောင်သောင်း မကမြောက်ြမားစွာ ကျန်ရှိနေပါသည်။
ယခုအခါ အများပိုင်ကုမ္ပဏီများ  ထူထောင်ကာ အစုရှယ်ယာများခေါ်ယူ    နေမှုများ ထပ်မံဆောင်ရွက်မှုများရှိလာ ပါသဖြင့် ၂၀၀၂ခုနှစ်မှကဲ့သို့ ပြည်သူလူ ထုထပ်မံမခံစားရရန်နှင့်ယင်းဂယက်မှ တဆင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုအရှိန် အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် မလို လားအပ်သောအခြေအနေကြောင့် တိုင်း ပြည်စီးပွား၊ပြည်သူ့စီးပွားအကျိုးမထိခိုက်    မနစ်နာစေရလေအောင် စိတ်ရင်းစေတနာ  မှန်စွာဖြင့် အသိပေးတင်ပြအပ်ပါသည်။

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing