Thursday, 14 March 2013

ဆင်းကတ်ဈေးနှင့် ထွက်မည့်အချိန် တရားဝင်သိမှ ဟန်းဆက် တင်သွင်းမည်

ထွက်ရှိလာမည့်အချိန်နှင့် ဆင်းကတ်ဈေးနှုန်းကို တရားဝင်သိရှိမှသာ ဟန်းဆက်တင်သွင်းတော့မည်ဟု မိုဘိုင်းဖုန်းဆိုင်အများစုမှ သိရသည်။
”ဂျာနယ် တချို့မှာတော့ ဘယ်ဈေးနဲ့ရောင်းမယ်၊ ဘယ်နေ့ ရောင်းမယ်ဆိုတာ ဖော်ပြနေတာ တော့ တွေ့ရတယ်။ ဒါပေမဲ့ ပထမ အကြိမ် ဇန်နဝါရီလ ဖုန်းရောင်းမယ် ဆိုပြီး ဖော်ပြခဲ့ပေမယ့် ဖုန်းမရောင်း ခဲ့ဘူး။ ဒါကြောင့် ပထမအကြိမ်တုန်းက ဟန်းဆက်တင်သွင်းမိခဲ့ လို့ အရှုံးပေါ်ခဲ့ရတယ်။ အခုတစ် ကြိမ်တော့ အစိုးရက တရားဝင် သတင်း ထုတ်ပြန်တော့မှပဲ ဟန်း ဆက်တင်သွင်းမှာပါ”ဟု ကျောက် တံတားမြို့နယ်မှ Ko Naing မိုဘိုင်းဟန်းဆက်ဆိုင် ပိုင်ရှင်က ပြောသည်။
ဟန်းဆက်များတင်သွင်းရာ တွင်လည်း ကျပ်ငါးသောင်းအထက် ဟန်းဆက်များသာ အဓိကထား တင်သွင်းမည်ဖြစ်ကြောင်း တာမွေ မြို့နယ်မှ Mobile Star ဖုန်းဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။
”ဆက်သွယ်ရေးကိုလည်း အ များကြီး ယုံလို့မရဘူး။ သတင်း ထုတ်ပြီး မရောင်းခဲ့ရင် ကျွန်တော် တို့ ဟန်းဆက်ဆိုင်တွေပဲ ခံရမှာပါ။ ဖုန်းရောင်းပေးခဲ့ရင်လည်း အရင်လို အများကြီး ဟန်းဆက် မသွင်းတော့ ဘူး။ နောက်ဆုံးပေါ် ဟန်းဆက် တချို့လောက်ပဲ တင်သွားမှာပါ။ ဒီလိုဖြစ်ရတာကလည်း ပထမအကြိမ် တင်သွင်းထားတဲ့ ဟန်းဆက် အရှုံးကို ငွေပေါ်အောင် ပြန်လုပ်ရ ဦးမှာပါ”ဟု ယုဇနပလာဇာမှ ဟန်း ဆက်အရောင်းဆိုင်ပိုင်ရှင် တစ်ဦး က ပြောသည်။
လက်ရှိတွင် မိုဘိုင်းဆင်းကတ် ဈေးနှုန်းနှင့် ပတ်သက်၍ ကျပ် ငါးသောင်းအောက်နှင့် ကျပ် နှစ် သောင်းဟူ၍ သတင်းများ ထွက်ပေါ်နေပြီး ရောင်းချမည့် ရက်မှာ ဧပြီလ ၁ရက်နေ့ဟု သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing