*အကယ်၍ သင်ဟာ သာမန် မိသားစုက ကြီးပြင်းလာခဲ့ရင်
*အကယ်၍ သင်ရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိနေသေးရင်
*အကယ်၍ သင်ဟာ မိဘတွေနဲ့ အတူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ.....
*အကယ်၍ တစ်နေ့မှာ အိမ်ရှိ မီးဖိုချောင်ဟာ အရင်လို မသပ်ရပ်တော့ဘူးလို့ သင်သတိထား မိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ပန်းကန် ခွက်ယောက်တွေဟာ အရင်လို မသန့်ရှင်းတော့ဘူးလို့ သင်သတိထား မိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ထမင်းအိုးတွေ မည်းညစ်နေတယ်လို့ သင်သတိထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ပန်းခြံထဲက ပန်းတွေ ညှိးနွမ်းနေပြီး မြက်တွေ ထူထပ်နေ တယ်လို့ သင်သတိထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ဘီရိုတွေ၊ ကြမ်းတွေဟာ မတောက်ပြောင်ဘဲ ဖုန်တွေနဲ့ ဖုံးလွှမ်းနေပြီလို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ အမေ့ချက်တဲ့ ဟင်းတွေ ငန်ပြီး အရင်ကနဲ့ မတူတော့ဘူးလို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ အမေ့ရဲ့ မှတ်ဥာဏ်တွေ လျော့နည်းလာတယ်လို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ အမေအမြဲလုပ်ကျင့်ရှိတဲ့ အရာတွေ မလုပ်တော့ဘူးလို့ သင်သတိ ထားမိခဲ့ရင် (ဥပမာ... ဈေးသွားခြင်း၊ ရေချိုးခြင်း)
*အကယ်၍ တစ်နေ့မှာ ကြွတ်ဆပ်တဲ့ အရာတွေကို အမေမစားတော့ဘူးလို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ပျော့တဲ့ ထမင်းဟင်းတွေကိုသာ အမေ၀ါးနိုင်တယ်လို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ လမ်းဖြတ်ကူးတဲ့အမေ အရင်လို မသွက်တော့ဘူးလို့ သင်သတိ ထားမိခဲ့ရင်
*အကယ်၍ တစ်နေ့မှာ ထမင်းစားချိန်မှာ အမေ မပြတ်ချောင်းဆိုးနေတယ်လို့ သင်သတိ ထားမိခဲ့ရင် (နှာစီး၊ ချောင်းဆိုး၊ အအေးမိတယ်လို့ မထင်လိုက်ပါနဲ့... ၀ါးမျိုနိုင်တဲ့ အာရုံကျော တစ်ဖြေးဖြေး ချွတ်ယွင်း လာခြင်းပါ)
***အကယ်၍ တစ်နေ့မှာ ....................... သင်သတိထားမိခဲ့ရင်*****
*******သူတို့ဟာ အသက်ကြီးရင့်ပြီး အိုစာလာပြီဖြစ်ကြောင်း.. ပြုစုစောင့်ရှောက်ဖို့ လိုအပ် နေပြီဖြစ်ကြောင်း******
နိုင်းနိုင်းစနေ မှ အကြိုက်ဆုံးစာသားကောက်နှုတ်ချက်

No comments:
Post a Comment