ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သောပဋိပက္ခများကို စုံစမ်းစစ်ဆေးရန်
ဖွဲ့စည်းထားသော စုံစမ်းစစ်ရေးကော်
မရှင်မှ အစ္စလာမ်ဘာသာရေးရာအဖွဲ့
ချုပ်မှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို
ကော်မရှင်၏ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာသဖြင့် နိုဝင်ဘာလ ၁ရက်နေ့တွင် ထုတ်ပယ်လိုက်ကြောင်း အဆိုပါကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကော်မရှင်ကို ဝေဖန်မှုတွေလုပ်တယ်။ စည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာလို့
ထုတ်ပယ်လိုက်တာပါ“ ဟု ၄င်းက ဆို သည်။
၎င်းတို့ နှစ်ဦးသည် ကော်မရှင်ကို ကိုယ်စားပြုကာ ကော်မရှင်၏ ခွင့်ပြုချက် တစ်စုံတစ်
ရာမရှိပဲ ၄င်းတို့ သဘောဖြင့် သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည်မှာလည်း လက်ခံနိုင်
စရာမရှိကြောင်း အဆိုပါကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
လူပုဂ္ဂိုလ် ၂၇ဦးပါဝင်သော ယင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မရုံးက
သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆ဦး၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များအပြင် နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များသာမက
သတင်းစားဆရာများ၊ ဥပဒေပညာရှင် များပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။
No comments:
Post a Comment