Friday, 21 September 2012

အချစ်စစ် { True Love}

မင်းဆီဖုန်းဆက်လို့ waiting call ဖြစ်နေတဲ့အခါ
ငါမမေးပဲနဲ့သူငယ်ချင်းတစ်ယောက်နဲ့ပါလို့နင်ပြန်ဖြေတတ်တယ်
မပြောနဲ့ချစ်သူ.....ငါယုံတယ်
ငါမကြားချင်တဲ့နင့်သတင်းတွေ
တစ်ခါတစ်ရံငါ့နားထဲကိုရောက်လာတဲ့အခါ
လက်ခံနိုင်လောက်တဲ့အကြောင်းပြချက်တစ်ခုနင်ပေးတတ်တယ်
မပေးနဲ့ချစ်သူကောလဟာလ
မနာလိုသူတွေရဲ့စကားပါလို့ငါသတ်မှတ်တယ်
နင့်ကိုကောင်လေးတစ်ယောက်နဲ့
တည့်တည့်တိုးမိတဲ့နေ့ကပေါ့
ငါ့မျက်လုံးတွေမူးကနဲ့ဖြစ်သွားခဲ့တယ်
ရိုးအီနေတဲ့ဆင်ခြင်တစ်ခုတော့ထပ်ကြားရတော့မယ်လို့
တွေးမိလိုက်တယ်
ရှင်းမပြနဲ့ချစ်သူငါတပ်ထားတဲ့မျက်မှန်က
ပါဝါကျသွားလို့ဖြစ်မှာပါ
အခုတော့....နင့်နာမည်နဲ့ဖိတ်စာတစ်စောင်ရောက်လာတယ်
ငါလုံးဝမယုံဘူးဒါဟာလုပ်ကြံမူပဲဖြစ်မှာပါ
မင်းဆီကဆင်ခြင်တစ်ခုကိုတော့ငါမျော်လင့်ချင်သေးတယ်
ယုံချင်သေးတယ်
ဘာပဲဖြစ်ဖြစ်အပေါစားဆန်တဲ့အကြောင်းပြချက်တစ်ခုတော့
ပေးခဲ့ပါ
ကျေးဇူးပြုပြီးဒါဟာလုပ်ကြံမူပါ  လှည့်စားမူပါလို့.....

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing