လူတစ်ယောက် လူ့ လောက ကို ခြေလှမ်းချဖို့ အခြားသော လူတစ်ယောက်က သူ့ အသက်နဲ့  လောင်းကြေးထပ်ပြီး ခေါ်ယူခဲ့ရတာပါနော်..။
သင့်ကို မွေးဖွားဖို့  သင့်ရဲ့  မိခင်က နာကျင်မှုတွေကို ခါးစည်းခံပြီး အသက်ကို သေမင်းရဲ့ နှုမ်းခမ်းဝမှာ ပုံအပ် စတေးခံပြီး မွေဖွားခဲ့တာပါလို့  ပြောရင် သင်လက်မခံဘူးလို့  ငြင်းချင်ပါသလား.....။
မွေးဖွားချိန်တစ်ချိန်ထဲမှာလား...မဟုတ်ရပါ..။ သင့်ကို ကိုယ်ဝန်ဆောင်ချိန်မှစလို့  ခံစားလာရတဲ့ ဒုက္ခ..။ စားချင်တိုင်းလဲ မစားရ...။ သွားချင်တိုင်းလဲ မသွားရ..။ မလွတ်မလပ်ခန္ဓာကြီးတစ်ခုနဲ့  စိတ်သွားတိုင်း ကိုယ်က မပါနိုင်...။ သင့်မိခင်က ဒုက္ခတွေ ခံလာရပြီး မွေးဖွားလာရတဲ့သင်........။
အသက်တစ်ချောင်းချင်း အလျှော်အစားတမျှ လောင်းကြေးထပ် လဲလှယ်ယူလိုက်တဲ့ နေ့  ၊ သင့်ရဲ့  မွေးနေ့ မှာ သင် ဘာတွေ လုပ်ဖြစ်သလဲ...။
အမှန်တော့ မွေးနေ့ ဆိုတာ သင့်ကို မွေးဖွားပေးလိုက်တဲ့ တစ်နေ့ ပဲ မွေးတဲ့ နေ့ ရှိခဲ့တာပါ...။ အဲ့ဒီမွေးဖွားနေ့ ပြီးလို့  ဖြတ်ကျော်လာရတဲ့ နေ့ တွေတိုင်းဟာ သေနေ့ တွေကြီးပါပဲ..။ တစ်နှစ်ပြီးလို့  တစ်နှစ်ကိုရောက်တိုင်း ရာသီစက်ဝန်း တစ်ပတ်လည်သွားပြီးတိုင်း ပြန်လည်ကျရောက်ခဲ့တာ မွေးနေ့ မဟုတ်ပါဘူး...။ သေနေ့ တွေပါပဲ......။
ဒါကိုပဲ လူသားတွေက ကိုယ့်သေနေ့ အတွက် ပျော်ရွှင်စွာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြ...။ပါတီတွေပေးကြနဲ့  ပျော်ရွှင်နေကြလေရဲ့ ...။ တစ်ချို့ တစ်ချို့ တွေကတော့ ဘုရားသွားကျောင်းတက် ကုသိုလ်ကောင်းမှုတွေပြုပြီး ဒါနလေးတွေကို ထုပ်ပိုးသိမ်းစည်းထားတတ်ပေမဲ့ တစ်ချို့ တစ်ချို့ သော သူတွေကတော့ အဲ့ဒီနေ့ မှာမှ အထူးစပါယ်ရှယ် ပျော်ပွဲရွှင်ပွဲနဲ့  သောက်ပွဲကြီးတွေ ကျင်းပလို့ ပေါ့...။
ငါ့မွေးနေ့ ကျရင် ဘီယာဆိုင်သွားမယ်..မင်းတို့ ကို အဝတိုက်မယ်ဆိုတဲ့ သူတွေကလဲ တစ်ပုံတစ်ပင်...။ တကယ်တမ်းကိုယ့်မွေးနေ့ မရောက်ခင်ကတည်းကနေ ကြိုတင်ပြင်ဆင် ရင်ခုန်နေလိုက်ကြတာများ ကိုယ့်ကို မွေးထုတ်ပေးတဲ့ မိခင်..ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ဖခင် ဆိုတဲ့ မိဘနှစ်ပါးကိုတောင် အာရုံထဲက မေ့လို့ နေတဲ့သူတွေကလဲ ရှိနေသေးတယ်...။
တကယ်တမ်း ကိုယ့်မွေးနေ့ လို့  သတ်မှတ်ထားတဲ့ နေ့ ရက်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့  ဟေးဟေးဟားဟား ပျော်နေမဲ့အစား ပြုလုပ်သင့်တဲ့ ဒါန ကုသိုလ်လေးတွေပြုလုပ်...ကိုယ့်ကို မွေးထုတ် ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘနှစ်ပါးနဲ့  အချိန်ပေးပြီး နေပေးရင် ပိုပြီးမကောင်းဘူးလား...။
မမေ့မလျော့ ပြုလုပ်ရမဲ့ အချက်တစ်ချက်ကတော့ မိဘရဲ့ ကျေးဇူးကို သိတတ်ပြီး ကိုယ့်ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ကျေးဇူးတင်ခြင်း ၊ရိုသေလေးစားခြင်းတွေနဲ့  လက်ဆယ်ဖြာ ထပ်မှာမိုး ရှစ်ခိုးဦးချပါ...။ မိဘတွေရဲ့  တင်ရှိနေတဲ့ ကျေးဇူးတရားတွေကို နှလုံးသွင်းပေးပါ...။ လှိုက်လှိုက်လှဲလှဲနဲ့  ကျေးဇူးတင်စကားပြောပေးပါနော်....။
မိဘကို ကန်တော့တာ ကျေးဇူးတင်စကားပြောတာ ရှက်စရာ မဟုတ်ပါဘူး...။ သင်ဟာ ကိုယ့်ကို မွေးထားပေးတဲ့ မိဘကို ကျေးဇူးတင်ရကောင်းမှန်းသိလို့  ကျေးဇူးတင်စကားပြောတဲ့ စကားသံကို သင့်မိဘတွေကြားခဲ့ရင် သင့်မိဘဆီက ကြည်နူးပီတိအပြုံးကိုလဲ သင်ပြန်လည်တွေ့ မြင်ခံစားရမှာပါ...။ အဲ့ဒီခဏတာ ချမ်းမြေ့ခြင်းက ဘာနှင့်မျှ မလဲနိုင်ပါ...။
အဝေးရောက်တွေ အတွက်ကတော့ ကိုယ့်မွေးနေ့ ဆိုတဲ့ နေ့ လေးကိုရောက်ရင် မိဘကို
ခြေဆုပ်လက်နယ် ပြုစုခွင့်လဲဝေး နေရတဲ့ အဖြစ်ပါ...။ ကိုယ်တတ်နိုင်တာလေးက
သတိတရဖုန်းဆက်ရင်း ကျေးဇူးတင်စကားတွေ လှိုက်လှိုက်လှဲလှဲဆို အဝေးကနေသာ
စိတ်မှန်းနဲ့  ကန်တော့နေရတဲ့သူတွေပါ...။
အနီးမှာ ရှိစဉ်ကတော့ မောင်နှမတွေအားလုံးပေါ့ ကိုယ့်မွေးနေ့ ကို ရောက်တိုင်း ရောက်တိုင်း ကိုယ့်မုန်ဖိုးလေးထဲကနေ စုထားတဲ့ ငွေလေးနဲ့  ဖယောင်းတိုင် အမွေးတိုင်လေးဝယ်..ဒီထက်အဆင်ပြေရင်တော့ လက်ဆောင်ပစ္စည်းလေးဝယ်ပြီး ဖေဖေနဲ့  မေမေကို ထိခြင်းငါးပါးနဲ့  ကန်တော့ခဲ့ကြပါတယ်..။ တွေ့ မြင်တဲ့ သူငယ်ချင်းတွေက
“ဟယ် နင်တို့ မောင်နှမတွေက လိမ္မာလိုက်ကြတာ ၊ ငါတို့ တွေ တစ်ခါမှ ဒီလိုမလုပ်ခဲ့ဖူးဘူ”
ဆိုပြီး ပြောကြတယ်...။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ တွေလဲ သူတို့  မွေးနေ့ ရောက်တိုင်းမိဘရဲ့  ကျေးဇူးတရားကို သိမြင်ပြီး မိဘကို အရိုအသေပြုသူတွေ ဖြစ်လာခဲ့ကြပါတယ်...။
ညစဉ်ညတိုင်းအိပ်ရာဝင်တိုင်းမိဘကို ကန်တော့ပြီးမှ အိပ်ခဲ့ပါတယ်...။ ထိုမွေးနေ့ လေးကိုတော့ အထူးတလည် ကျေးဇူးတရားတွေရင်မှာပိုက်ပြီး ကျေးဇူးတင်စကားတွေနဲ့ ထပ်မံဂါရဝပြုခဲ့ပါတယ်....။
သင်ရော.......သင့်မွေးနေ့ မှာ အဲ့ဒီလို လုပ်ဖြစ်ခဲ့ရဲ့ လား.......။
မလုပ်ဖြစ်ခဲ့သေးဘူးဆိုလျှင်တော့ ယနေ့ မှ စပြုပြီး ကျေးဇူးသိတတ်ခြင်းတွေနဲ့ အတူ ဂါရဝပြုမယ်ဆိုလျှင် အကောင်းဆုံးမဟုတ်ပါလား http://www.shwemyotaw.com...မှ ကူးယူဖော်ပြပါသည်.....
သင့်ကို မွေးဖွားဖို့  သင့်ရဲ့  မိခင်က နာကျင်မှုတွေကို ခါးစည်းခံပြီး အသက်ကို သေမင်းရဲ့ နှုမ်းခမ်းဝမှာ ပုံအပ် စတေးခံပြီး မွေဖွားခဲ့တာပါလို့  ပြောရင် သင်လက်မခံဘူးလို့  ငြင်းချင်ပါသလား.....။
မွေးဖွားချိန်တစ်ချိန်ထဲမှာလား...မဟုတ်ရပါ..။ သင့်ကို ကိုယ်ဝန်ဆောင်ချိန်မှစလို့  ခံစားလာရတဲ့ ဒုက္ခ..။ စားချင်တိုင်းလဲ မစားရ...။ သွားချင်တိုင်းလဲ မသွားရ..။ မလွတ်မလပ်ခန္ဓာကြီးတစ်ခုနဲ့  စိတ်သွားတိုင်း ကိုယ်က မပါနိုင်...။ သင့်မိခင်က ဒုက္ခတွေ ခံလာရပြီး မွေးဖွားလာရတဲ့သင်........။
အသက်တစ်ချောင်းချင်း အလျှော်အစားတမျှ လောင်းကြေးထပ် လဲလှယ်ယူလိုက်တဲ့ နေ့  ၊ သင့်ရဲ့  မွေးနေ့ မှာ သင် ဘာတွေ လုပ်ဖြစ်သလဲ...။
အမှန်တော့ မွေးနေ့ ဆိုတာ သင့်ကို မွေးဖွားပေးလိုက်တဲ့ တစ်နေ့ ပဲ မွေးတဲ့ နေ့ ရှိခဲ့တာပါ...။ အဲ့ဒီမွေးဖွားနေ့ ပြီးလို့  ဖြတ်ကျော်လာရတဲ့ နေ့ တွေတိုင်းဟာ သေနေ့ တွေကြီးပါပဲ..။ တစ်နှစ်ပြီးလို့  တစ်နှစ်ကိုရောက်တိုင်း ရာသီစက်ဝန်း တစ်ပတ်လည်သွားပြီးတိုင်း ပြန်လည်ကျရောက်ခဲ့တာ မွေးနေ့ မဟုတ်ပါဘူး...။ သေနေ့ တွေပါပဲ......။
ဒါကိုပဲ လူသားတွေက ကိုယ့်သေနေ့ အတွက် ပျော်ရွှင်စွာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြ...။ပါတီတွေပေးကြနဲ့  ပျော်ရွှင်နေကြလေရဲ့ ...။ တစ်ချို့ တစ်ချို့ တွေကတော့ ဘုရားသွားကျောင်းတက် ကုသိုလ်ကောင်းမှုတွေပြုပြီး ဒါနလေးတွေကို ထုပ်ပိုးသိမ်းစည်းထားတတ်ပေမဲ့ တစ်ချို့ တစ်ချို့ သော သူတွေကတော့ အဲ့ဒီနေ့ မှာမှ အထူးစပါယ်ရှယ် ပျော်ပွဲရွှင်ပွဲနဲ့  သောက်ပွဲကြီးတွေ ကျင်းပလို့ ပေါ့...။
ငါ့မွေးနေ့ ကျရင် ဘီယာဆိုင်သွားမယ်..မင်းတို့ ကို အဝတိုက်မယ်ဆိုတဲ့ သူတွေကလဲ တစ်ပုံတစ်ပင်...။ တကယ်တမ်းကိုယ့်မွေးနေ့ မရောက်ခင်ကတည်းကနေ ကြိုတင်ပြင်ဆင် ရင်ခုန်နေလိုက်ကြတာများ ကိုယ့်ကို မွေးထုတ်ပေးတဲ့ မိခင်..ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ဖခင် ဆိုတဲ့ မိဘနှစ်ပါးကိုတောင် အာရုံထဲက မေ့လို့ နေတဲ့သူတွေကလဲ ရှိနေသေးတယ်...။
တကယ်တမ်း ကိုယ့်မွေးနေ့ လို့  သတ်မှတ်ထားတဲ့ နေ့ ရက်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့  ဟေးဟေးဟားဟား ပျော်နေမဲ့အစား ပြုလုပ်သင့်တဲ့ ဒါန ကုသိုလ်လေးတွေပြုလုပ်...ကိုယ့်ကို မွေးထုတ် ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘနှစ်ပါးနဲ့  အချိန်ပေးပြီး နေပေးရင် ပိုပြီးမကောင်းဘူးလား...။
မမေ့မလျော့ ပြုလုပ်ရမဲ့ အချက်တစ်ချက်ကတော့ မိဘရဲ့ ကျေးဇူးကို သိတတ်ပြီး ကိုယ့်ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာတဲ့ ကျေးဇူးတင်ခြင်း ၊ရိုသေလေးစားခြင်းတွေနဲ့  လက်ဆယ်ဖြာ ထပ်မှာမိုး ရှစ်ခိုးဦးချပါ...။ မိဘတွေရဲ့  တင်ရှိနေတဲ့ ကျေးဇူးတရားတွေကို နှလုံးသွင်းပေးပါ...။ လှိုက်လှိုက်လှဲလှဲနဲ့  ကျေးဇူးတင်စကားပြောပေးပါနော်....။
မိဘကို ကန်တော့တာ ကျေးဇူးတင်စကားပြောတာ ရှက်စရာ မဟုတ်ပါဘူး...။ သင်ဟာ ကိုယ့်ကို မွေးထားပေးတဲ့ မိဘကို ကျေးဇူးတင်ရကောင်းမှန်းသိလို့  ကျေးဇူးတင်စကားပြောတဲ့ စကားသံကို သင့်မိဘတွေကြားခဲ့ရင် သင့်မိဘဆီက ကြည်နူးပီတိအပြုံးကိုလဲ သင်ပြန်လည်တွေ့ မြင်ခံစားရမှာပါ...။ အဲ့ဒီခဏတာ ချမ်းမြေ့ခြင်းက ဘာနှင့်မျှ မလဲနိုင်ပါ...။
အဝေးရောက်တွေ အတွက်ကတော့ ကိုယ့်မွေးနေ့ ဆိုတဲ့ နေ့ လေးကိုရောက်ရင် မိဘကို
ခြေဆုပ်လက်နယ် ပြုစုခွင့်လဲဝေး နေရတဲ့ အဖြစ်ပါ...။ ကိုယ်တတ်နိုင်တာလေးက
သတိတရဖုန်းဆက်ရင်း ကျေးဇူးတင်စကားတွေ လှိုက်လှိုက်လှဲလှဲဆို အဝေးကနေသာ
စိတ်မှန်းနဲ့  ကန်တော့နေရတဲ့သူတွေပါ...။အနီးမှာ ရှိစဉ်ကတော့ မောင်နှမတွေအားလုံးပေါ့ ကိုယ့်မွေးနေ့ ကို ရောက်တိုင်း ရောက်တိုင်း ကိုယ့်မုန်ဖိုးလေးထဲကနေ စုထားတဲ့ ငွေလေးနဲ့  ဖယောင်းတိုင် အမွေးတိုင်လေးဝယ်..ဒီထက်အဆင်ပြေရင်တော့ လက်ဆောင်ပစ္စည်းလေးဝယ်ပြီး ဖေဖေနဲ့  မေမေကို ထိခြင်းငါးပါးနဲ့  ကန်တော့ခဲ့ကြပါတယ်..။ တွေ့ မြင်တဲ့ သူငယ်ချင်းတွေက
“ဟယ် နင်တို့ မောင်နှမတွေက လိမ္မာလိုက်ကြတာ ၊ ငါတို့ တွေ တစ်ခါမှ ဒီလိုမလုပ်ခဲ့ဖူးဘူ”
ဆိုပြီး ပြောကြတယ်...။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ တွေလဲ သူတို့  မွေးနေ့ ရောက်တိုင်းမိဘရဲ့  ကျေးဇူးတရားကို သိမြင်ပြီး မိဘကို အရိုအသေပြုသူတွေ ဖြစ်လာခဲ့ကြပါတယ်...။
ညစဉ်ညတိုင်းအိပ်ရာဝင်တိုင်းမိဘကို ကန်တော့ပြီးမှ အိပ်ခဲ့ပါတယ်...။ ထိုမွေးနေ့ လေးကိုတော့ အထူးတလည် ကျေးဇူးတရားတွေရင်မှာပိုက်ပြီး ကျေးဇူးတင်စကားတွေနဲ့ ထပ်မံဂါရဝပြုခဲ့ပါတယ်....။
သင်ရော.......သင့်မွေးနေ့ မှာ အဲ့ဒီလို လုပ်ဖြစ်ခဲ့ရဲ့ လား.......။
မလုပ်ဖြစ်ခဲ့သေးဘူးဆိုလျှင်တော့ ယနေ့ မှ စပြုပြီး ကျေးဇူးသိတတ်ခြင်းတွေနဲ့ အတူ ဂါရဝပြုမယ်ဆိုလျှင် အကောင်းဆုံးမဟုတ်ပါလား http://www.shwemyotaw.com...မှ ကူးယူဖော်ပြပါသည်.....
No comments:
Post a Comment