Friday, 21 September 2012

အချိန်တန်ဘိုး

“တစ်နှစ်” ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲ ကျတဲ့ ကျောင်းသားကိုမေးကြည့်ပေါ့...
“တစ်လ” ရဲ့တန်ဖိုး ကိုသိချင်ရင် လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကိုမေးကြည့်ပေါ့...
“တစ်ပါတ်” ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကိုမေးကြည့်ပေါ့....
“တစ်နေ့” ရဲ့တန်ဖိုးကို သိချင်ရင် ကလေးခြောက်ယောက်ကို ရှာကျွေးနေရတဲ့ နေ့စားအလုပ်သမားကို မေးကြည့်ပေါ့.....
“တစ်နာရီ” ရဲ့တန်ဖိုးကိုသိချင်ရင် ဆုံဆည်းခွင့်ကိုစောင့်နေရတဲ့ ချစ်သူတွေကို မေးကြည့်ပေါ့.......
“တစ်မိနစ်” ရဲ့ တန်ဖိုးကိုသိချင်ရင် ရထားမှီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပေါ့
“တစ်စက္ကန့်” ရဲ့တန်ဖိုးကိုသိချင်ရင် ယဉ်တိုက်မှုနဲ့သီသီကလေး လွဲသွားတဲ့ ဒရိုက်ဘာကိုမေးကြည့်ပေါ့....
....တစ်စက္ကန့် မပြောနဲ့ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက လည်း အရေးကြီးမှ ကြီးဘဲ...ဘယ်သူတွေအတွက်လဲ....
“တစ်မီလီစက္ကန့်” ရဲ့တန်ဖိုးကို သိချင်ရင် အိုလံပစ် ငွေတံဆိပ် ဆုရှင်ကိုမေးကြည့်ပေါ့.....

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing