-၀န်ကြီးချုပ် ဂျူလီယာဂျေးလတ်က အစ္စလာမ်ရှရိယာဥပဒေနဲ့အညီ နေထိုင်လို
တယ်ဆိုတဲ့ သြစတေးလျ မွတ်စ်လင်တွေကိုဒီကထွက်သွားကြဖို့ ဗုဒ္ဓဟူးနေ့က
ပြောကြားလိုက်ပါတယ်။
-သူ့စကားတွေကို ကိုးကားရရင် -"ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ၊ သြစတေးလျသားတွေက လုပ်ရမှာမဟုတ်ဘူး။နေချင်နေ၊မနေ
ချင်ထွက်သွား"
-ဘုရားသခင်နဲ့သင် အဆင်ပြေဖို့မရှိဘူးဆိုရင် သင့်ရဲ့အိမ်ယာသစ်အတွက် ကမ္ဘာ့အခြား
တစ်နေရာမှာသာ စဉ်းစားပါတော့လို့ကျွန်မအကြံပေးပါရစေ""ဘာလို့လဲဆိုတော့
ဘုရားသခင်က ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းဖြစ်လို့ပါပဲ""ကျွန်မတို့ဟာ
သင်တို့ရဲ့ ယုံကြည်မှုတွေကို လက်ခံပါတယ်။
ဘာညာမေးခွန်းထုတ်နေမှာလည်း မဟုတ်ပါဘူး။ကျွန်မတို့ တောင်းဆိုနေတာတစ်ခုလုံးက
သင်လည်း ကျွန်မတို့ယုံကြည်ချက်တွေကို လက်ခံဖို့၊ ကျွန်မတို့နဲ့အတူတကွအေးအေးချမ်းချမ်း အဆင်ပြေပြေ နေထိုင်သွားကြဖို့ပါပဲ"ဒါဟာ ကျွန်မတို့ရဲ့တိုင်းပြည်၊ နယ်မြေ နေထိုင်မှုပုံစံပါ။
အဲဒီ့ခံစား စံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့က ပေးအပ်မှာပါ။
ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့
ခရစ်ယာန်အယူ သို့မဟုတ်ကျွန်မတို့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်
ဆိုရင်တော့ ကျွန်မ အလေးအနက် အားပေးချင်တာကတော့သြစတေးလျသားတို့ရဲ့
အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ "ထွက်သွားနိုင်ခွင့်"ကို ရယူလိုက်ကြဖို့ပါပဲ"
-"သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကျွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း
မဟုတ်ပါဘူး။သင်ကသာ လာနေပါရစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကို
လက်ခံတဲ့ နိုင်ငံကို သင်ကလည်း လက်ခံပေးပါ။"
-သူပြောခဲ့တဲ့ မိန့်ခွန်း၊ သူ့အတွေး၊ သူ့ခံယူချက်တွေဟာ လေးစားစရာ၊ အား
ကျစရာ၊ လိုက်နာစရာ ဖြစ်တယ်ဆိုတာ ..သင်လည်း မျိုးချစ်စိတ်ရှိသူတစ်
ယောက်ဖြစ်မယ်ဆိုရင် ထပ်တူခံစားနားလည်နိုင်မှာပါ။
ကိုယ့်မြေကို ကိုယ်ကာကွယ်တာ .. အားနာစရာမဟုတ်။
ကိုယ့်တိုင်းပြည်ကို ကိုယ်ချစ်တာ ..ရှက်စရာမဟုတ်။
ကိုယ့်လူမျိုးကို ကိုယ်စောင့်ရှောက်တာ .. မျက်နှာငယ်စရာမဟုတ်။

No comments:
Post a Comment