Friday, 21 September 2012

အချစ်ဆိုတဲ့အရာ

အနေဝေးပေမယ့်
သတိရနေမိတာ
မင်းတစ်ယောက်တည်းပါပဲ………
ညစဉ်အိမ်မက်ထဲလဲ
အမြဲစိုးမိုးနေတာ
မင်းတစ်ယောက်တည်းပါပဲ………
တိတ်တခိုးနဲ့ ချစ်နေမိတာ
ဘယ်အချိန်ကတည်းကလဲဆိုတာ
ငါ့ကိုယ်ငါတောင် မသိလိုက်မိဘူး
သတိထားမိတဲ့အချိန်မှာ
မင်းကငါ့နှလုံးသားမှာ
နေရာယူပြီးနေပြီပဲ…………..
ဒါပေမယ့်
မင်းမှာငါမဟုတ်တဲ့
တစ်ခြားချစ်သူရှိနေပြီလို့
ကြားလိုက်တဲ့နေ့က
ငါ့အတွက် သဲကန္တာရထဲမှာ
လမ်းလျှောက်နေရသလို
ပင်ပန်းနွမ်းနယ်လိုက်တာ ချစ်သူရယ်……………
ငါ့အချစ်ကပေးဆပ်ခြင်းသက်သက်ပါ ချစ်သူ……..
မင်းအတွက် ပူလောင်ခြင်းတွေကို
ဘယ်တော့မှာပေးမှာမဟုတ်တဲ့
အချစ်တွေနဲ့ ချစ်နေမယ့်သူပါ
ချစ်သူရယ်………………

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing