Friday, 21 September 2012

လက်နဲ့ကမ်းပေးသလို

အချိန်မကြာစေဘဲ သီချင်းနဲ့ပုံတွေကို ကွန်ပျူတာချင်းလှမ်းချိတ်ပို့ရအောင်
အင်တာနက်တော့လိုတယ်နော်....
www.pipebytes.com ကို ဖိုင်ပို့မယ့်စက်ရော  လက်ခံမယ့်စက်ရော တပြိုင်တည်းမှာဖွင့်ရမယ်
ပို့မယ့်သူက ဖိုင်ရှိတယ့်နေရာကိုရွေးပြီး URL နဲ့ထုတ်မလား  CODEနဲ့ပို့မလားဆိုတာကိုရွေးပေးရမယ်နော်
ဥပမာ--ကုဒ်နဲ့ပို့မယ်လို့ရွေးလိုက်ရင် Code box မှာပေါ်လာတဲ့ကုဒ်နံပါတ်ကို ကူးယူပြီး လက်ခံမယ့်သူဆီတနည်းနည်းနဲ့ပို့လိုက်ပါ မေးနဲ့ပို့ရင်အလွယ်ဆုံးဘဲပေါ့
ပြီးရင် Send နှိပ်ပါ။အဲဒီနောက်မှာ လက်ခံမယ့်သူကရရှိလာတဲ့ကုဒ် နံပါတ်ကို Receive box ထဲမှာ ဖြည့်လိုက်ပြီး Pickup file ကိုနှိပ်လိုက်ရင် ပို့တဲ့သူရဲ့စက်ထဲကဖိုင်ကိုကူးယူနေတာတွေ့ရပါလိမ့်မယ်။အချိန်တော့စောင့်ရပါမယ်
ကော်နက်ရှင်ကောင်းရင်တော့မြန်မြန်ဆန်ဆန် လက်ခံရရှိမှာပါ။ဘယ်ဖိုင်အမျိုးအစား အကြီးအသေးမဆိုပေးပို့နိုင်ပါတယ် ဆိုဒ်ပေါ်မူတည်ပြီး ကြာချိန်ရှိနိုင်ပါတယ်။
သတိပြုရမှာကတော့ email လိုမဟုတ်ဘဲ ပို့မယ့်လူရောလက်ခံမယ့်သူပါ အွန်လိုင်းပေါ်မှာ ရှိနေရမှာပါ
www.pipebytes.com

No comments:

Post a Comment

 အထက်တန်းရှေ့နေလျှောက်ထားမှုပုံစံ https://drive.google.com/file/d/1zlRUF91GmT06HgJ36SwBX3Xn9pm7bbh-/view?usp=sharing